Wednesday, September 5, 2012

၁၅သိန်းတန် ဂျီအက်စ်အမ်ဆင်းမ်ကဒ်များ နိုင်ငံတော်သို့ပြန်လည် အပ်နှံခွင့် မရှိဟုဆို

Ever November | 9/05/2012 03:06:00 PM | Best Blogger Tips

ကျပ်(၁၅) သိန်းဖြင့် ဝယ်ယူ ထားသည့် ဂျီအက်စ်အမ် ဝ၉၊ ၅၀၊၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅ စသည့် မိုဘိုင်းဆင်းမ်ကဒ် များကို ကိုင်ဆောင်အသုံး ပြုသည့် အများ ပြည်သူများ အနေဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံ ခွင့်မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးကျော်စိုးက ပြောသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ (၂၄-၈-၂၀၁၂) တွင် ကျင်းပပြု လုပ်ခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပါဝင်ဆွေးနွေးခဲ့ရာတွင် “အခု ကျွန်မပါဝင် ဆွေးနွေးချင်တာက မကြာခဏ Complain ရှင်းနေရတာက ကျွန်မဆီဖုန်းဆက်ပြီး ကျပ် (၁၅)သိန်းနဲ့ဝယ်ထားတဲ့ ဂျီအက်စ်အမ်ဖုန်းတွေ ပြည်သူတွေက အလိုရှိတုန်းက ဝယ်ထားတယ်။
ဒါပေမယ့် အခုတော့ ပြည်သူတွေက ဒီ ၁၅ သိန်းတန်တွေကို နိုင်ငံတော်ဆီကို ပြန်လည် အပ်နှံချင်ပါတယ်။ တစ်ကယ်လို့ နိုင်ငံတော် အစိုးရက ဒီဖုန်းတွေပြန်ပြီးလက် မခံရင်တောင် ဖုန်းပြောခကိုလျှော့ပေးတာမျိုးတွေ တစ်ခုခုတော့လုပ်ပေး သင့်ပါတယ်”ဟု ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောင်းအုပ်ဦးကျော်စိုးက “ကျွန် တော်တို့ဘက်က မိုဘိုင်းဖုန်းတွေကို ငှားရမ်းအသုံးပြုတဲ့အခါမှာ စာချုပ် စာတမ်းတွေနဲ့ပဲလုပ်တာပါ။ အဲဒီစာချုပ်ထဲမှာစည်းမျဉ်းစည်းကမ်းတွေပါ ပါတယ်”ဟုပြောကြားသည်။
မိုဘိုင်းကိုင်ဆောင်ငှားရမ်း အသုံးပြုနေသူများအနေဖြင့် ကျပ် ၁၅ သိန်းတန်GSM ဖုန်းများငှား ရမ်းသုံးစွဲနိုင်ခွင့်အတွက် မြန်မာ့ဆက်သွယ်ရေး နှင့်ချုပ်ဆိုထားသည့် တယ်လီဖုန်းငှားရမ်းသုံးစွဲခြင်းပဋိဥာဉ်စာချုပ်တွင် စည်းကမ်းချက် ၁၀ ချက်ပါဝင်ပြီး ငှားရမ်းသုံးစွဲသူများအနေဖြင့် လျော်ကြေးတစ်စုံ တစ်ရာဖြစ်စေ၊ ငှားရမ်းခပြန်လည် ထုတ်ပေးရန်ဖြစ်စေ တောင်းခံနိုင် ခွင့်မရှိပါဟူ၍ စာချုပ်တွင်ပါဝင်သောကြောင့် အဆိုပါ ၁၅ သိန်း တန်မိုဘိုင်းဆင်းမ်ကဒ်များကို ပြန်လည်အပ်နှံခွင့်မရှိကြောင်း သိရ သည်။
စောရည်နန္ဒာ
Mobile Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1