Sunday, September 2, 2012

ကနေဒါနိုင်ငံ၏ နယူးဖောင်လန်ကျွန်း သမုဒ္ဒရာရေအောက်သို့ တဖြည်းဖြည်းနစ်ဆင်းနေ

Ever November | 9/02/2012 09:59:00 AM | Best Blogger Tips

ကနေဒါနိုင်ငံပိုင် နယူးဖောက်လန်ကျွန်းသည် မြောက်အတ္တလန္တစ် သမုဒ္ဒရာရေအောက်သို့ တစ်နှစ်လျှင် တစ်လက်မ၏ ၁၀ ပုံတစ်ပုံကျော်မျှ နစ်ဆင်းလျက်ရှိကြောင်း ကနေဒါသိပ္ပံ ပညာရှင်တစ်ဦးက သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ အထက်ပါ နှုန်းအတိုင်း ရေအောက်သို့ နစ်ဆင်းနေပါက နှစ်ပေါင်း ၁၀၀ အတွင်း တစ်ပေခန့်သာ နိမ့်ဆင်းသွားနိုင်သော်လည်း အင်အားပြင်းထန်သည့် လေမုန်တိုင်းများ နယူးဖောင်လန်ကျွန်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့လျှင် ယင်းအပြောင်းအလဲမှာ အရေးပါလာမည်ဖြစ်ကြောင်း သိရသည်။ ရေအောက်သို့ တစ်ပေနီးပါးမျှ နစ်ဆင်းသွားခြင်းဖြင့် နယူးဖောင်လန်ကျွန်း၏ ကမ်းရိုးတန်းဒေသသည် လေမုန်တိုင်းနှင့် ရေလှိုင်းများ ဒဏ်ကို တားဆီးနိုင်စွမ်း ကျဆင်းလာနိုင်ကြောင်း မင်မိုရီရယ်လ်တက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ နယူးဖောက်လန်ကျွန်း ကမ်းရိုးတန်းရေပြင်ရေအောက်မှ သစ်မြစ်ဆုံများသည် ကျွန်း၏ ကုန်းတွင်းပိုင်းသို့ ရေ၀င်ရောက်ဖုံးလွှမ်းခဲ့ဖူးသည့် အခြေအနေကို ပြဆိုလျက်ရှိကြောင်း၊ အချို့သော သစ်မြစ်ဆုံများသည် သက်တမ်းအရ အေဒီ ၃၄၀ ကာလရိုမန် အင်ပိုင်ယာခေတ် လက်ကျန်သစ်မြစ်ဆုံများ ဖြစ်နေကြောင်း ကနေဒါ သိပ္ပံပညာရှင်များက ပြောကြားသည်။ 
(ယူပီအိုင်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1