Monday, October 29, 2012

မန်ယူကို ရှုံးသည့်ပွဲတွင် ကိုင်တွယ်သော ဒိုင်အတွက် ချယ်လ်ဆီး အရေးဆို

Ever November | 10/29/2012 03:22:00 PM | Best Blogger Tips
ချယ်လ်ဆီးနှင့် မန်ယူပွဲအား ကိုင်တွယ်ခဲ့သည့် မာ့ခ်ကလက်တန်ဘာ့ဂ်
ချယ်လ်ဆီး အသင်းသည် ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံသို့ ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘာ့ဂ်၏ ပွဲအပေါ် ကိုင်တွယ်မှုများနှင့် ပတ်သက်ပြီး အရေး ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်ကွင်းတွင် မန်ချက်စတာ ယူနိုက်တက်အား (၃-၂)ဖြင့် အရေးနိမ့်သော ပွဲစဉ်တွင် ဒိုင်လူကြီး ကလက်တန်ဘာ့ဂ်သည် မိမိတို့အသင်းမှ ကစားသမား (၂)ဦးအား မနှစ်မြို့စရာ အသုံးအနှုန်းများ ပြောဆိုခဲ့ကြောင်း ချယ်လ်ဆီးက စွပ်စွဲခဲ့သည်။ လက်ရှိ ဥရောပ ချန်ပီယံ အသင်းသည် ကလက်တန်ဘာ့ဂ်နှင့် ပတ်သက်ပြီး တိုင်ကြားမှု ပြုလုပ်ထားကြောင်း အတည်ပြုခဲ့သည်။ ကလပ်အသင်း ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက "ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် စည်းမျဉ်းရေးရာ အဖွဲ့ဆီကို တိုင်ကြားထားပါတယ်။ ဒိုင်ဟာ ကျွန်တော်တို့ရဲ့ ကစားသမား နှစ်ယောက်ကို မတူညီတဲ့ ဖြစ်စဉ်နှစ်ခုမှာ မနှစ်မြို့စရာ အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ပါတယ်"ဟု ပြောကြားသွားသည်။
အဆိုပါ တိုင်ကြားမှုသည် FAအဆင့်ထိ တက်ရောက်မည်ဟုလည်း ၎င်းက ဆိုသည်။ "ခုချိန်မှာတော့ ကျွန်တော်တို့ ဘာမှ နောက်ထပ် မှတ်ချက် မပေးလိုသေးပါဘူး"ဟုလည်း ချယ်လ်ဆီး ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားသည်။ ချယ်လ်ဆီးသည် မန်ယူအသင်း အနိုင်ဂိုးကို သွင်းယူပြီးနောက် ဟာဗီးယား ဟာနန်ဒက်ဇ် အောင်ပွဲခံစဉ် ချယ်လ်ဆီး ပရိသတ်များက ကွင်းအတွင်း အရာဝတ္ထုများနှင့် ပစ်ပေါက်သဖြင့် ကွင်းလုံခြုံရေးတစ်ဦး ဒဏ်ရာရသွားသော ဖြစ်စဉ်အတွက်လည်း စုံစမ်းမည်ဟု ဆိုသည်။ ယင်းလုံခြုံရေးမှာ ဒဏ်ရာ ရခဲ့သည့်နောက် ကွင်းအတွင်းတွင်ပင် လှဲလျောင်းကာ ကုသမှု ခံယူခဲ့ရပြီး နောက်ပိုင်းတွင်မူ ဆေးရုံပါ တက်ခဲ့ရကြောင်း သိရသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1