Monday, October 29, 2012

ဗိုလ်ချုပ်နှင့်ဒေါ်စုပုံ မီးပုံးများအား ဒီလှိုင်းက ဈေးကွက်အတွင်း ဖြန့်ချီ

Ever November | 10/29/2012 04:35:00 PM | Best Blogger Tips

သီတင်းကျွတ်ကာလအလှဆင်ရောင်စုံ မီးပုံးဈေးကွက်၌ လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံနှင့် ဒေါ်အောင် ဆန်းစုကြည် ရုပ်ပုံပါ ရောင်စုံမီးပုံများမှာ ဈေးကွက်အတွင်း ထိုးဖောက်မှု ရှိနေပြီး ရောင်းအားသွက်လျှက် ရှိကြောင်းကို လည်း ဈေးကွက်အတွင်းက သိရသည်။
 
"အလှဆင်မီးပုံးတွေက အပြင်မှာတော့ မသိဘူး။ အန်တီစုပုံပါတဲ့ မီးပုံတွေကို ချိတ်ထားတော့ စိတ်ဝင်စားတဲ့ သူတွေ ကလည်း မေးတယ် ၀ယ်တယ်။ ဗိုလ်ချုပ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ မိသားစုပုံပါတဲ့ မီးပုံးတွေက တစ်ခါမှ မတွေ့ဘူးခဲ့ဘူး။ ရောင်းလည်း မရောင်းခဲ့ကြဘူး" ဟု ရောင်စုံမီးပုံးရောင်းချနေသူ တစ်ဦးက ပြောသည်။
 
 ဗိုလ်ချုပ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများ ရိုက်နှိပ်ထားသော ရောင်စုံမီးပုံးများမှာ  ယခု ၂၀၁၂ခုနှစ် သီတင်း ကျွတ်ရာသီတွင် ပထမဦးဆုံးအနေဖြင့် ဈေးကွက်ချဲ့ထွင်မှုဖြစ်ကြောင်းကိုလည်း သိရသည်။ အဆိုပါ မီးပုံးများကို မရမ်းကုန်းမြို့နယ် ဒီလှိုင်းရုံမှ အဓိကထား ဖြန့်ချီနေခြင်းဖြစ်သည်။
 
 ဈေးကွက်တွင်း၌ ဗိုလ်ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်ပုံပါ မီးပုံးတစ်ခုလျှင်  ကျပ် ၁၂၀၀နှုန်းရှိပြီး အခြား ကြာပန်း၊ ကြာဖူး၊ ကြယ်ပွင့်၊ စိန်ဖူးပုံစံရှိမီးပုံးများမှာ ကျပ် ၁၆၀၀ မှ ၂၀၀၀ ၀န်းကျင် ဈေးရှိကြောင်း သိရသည်။
 
 တရုတ်နိုင်ငံလုပ်စက္ကူမီးပုံးများမှာ အနိမ့်ဆုံးကျပ် ၂၀၀ မှ ၈၀၀ကျော် အထိရှိပြီး ဆီစိမ်စက္ကူသုံးမီးပုံးများမှာ ရောင်းဈေး ၅၀၀ ကျပ် ၀န်းကျင်ခန့်ရှိပြီး တရုတ်ဖြစ်စက္ကူမီးပုံးများကို ရပ်ကွက်အလိုက် မီးပုံးပြိုင်ပွဲ ကျင်းပသူများ၊ အိမ်အလှဆင်ယင်မှုများတွင် အသုံးများသည်။
 
"ရပ်ကွက်ထဲမှာတွေဆို ဆီစိမ်စက္ကူနဲ့ ၀ါးကိုအသုံးပြုထားတဲ့ မီးပုံးတွေက ဈေးသက်သက်သာသာနဲ့ ၀ယ်လို့ရတယ်။ ကလေးတွေ ကြိုက်နှစ်သက်အောင်လုပ်ပြီး ရောင်းကြတယ်။"ဟု လှိုင်သာယာ (၁၈)ရပ်နေ ဒေသခံတစ်ဦးက ပြောသည်။
 
ကော်ပြားများဖြင့် ပြုလုပ်ထားသော မီးပုံးများသည် သုံးစွဲသည့် ကော်ပြားအရေအတွက်ပေါ်မူတည်၍ ဈေးနူန်း ကွာခြားမူရှိကာ အဆိုပါမီးပုံးများကို စူပါမားကတ်များ၊ စားသောက်ဆိုင်များနှင့် ရွှေဆိုင်များတွင် အများဆုံး ၀ယ်ယူချိတ်ဆွဲမှုများသည်။
ခင်ခင်ချို၊ အိဖြူဇင်ဝင့် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1