( ဓါတ်ပုံ ) --- မြန်မာ့သားကောင်း
ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၀၊ န.စ.က တပ်ဖွဲ့ဝင်အင်အား ၁၀၀၀နှင့် တပ်မတော်တပ် ရင်း ၅၁ရင်းတို့ အား ဖြန့်ကျက်ထားပြီး ဆူပူအကြမ်းဖက်မှုများ ဖြိုခွဲနှိမ်နင်းရာ တွင် အသုံးပြုသည့် မျက်ရည်ယို ဗုံးအပါအ၀င် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကရိယာများ လုံလောက်
စွာဖြန့်ဖြူးထားကြောင်း အောက်တိုဘာလ ၂၈ရက်နေ့ ညနေပိုင်း က နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ
တစ်ကျော့ပြန်ဖြစ်ပွားလာသည့်
အခြေအနေတွင်လုံခြုံရေး တပ်ဖွဲ့ဝင်အင်အားမလုံလောက်မှုကို အဓိကဝေဖန်
ပြောကြားလျက်ရှိကြောင်း မူလကလည်း လုံခြုံရေးအင်အား လုံလောက်စွာချ
ထားပြီးဖြစ်သော်လည်း ဆူပူအကြမ်းဖက်မှုဖြစ်နိုင်ဖွယ်ရာရှိသော Flash point
နေရာများကို အဓိကထား၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
ရဲကင်းများထားရှိမှု၊လုံခြုံရေးတာဝန်ဖြင့် ကင်းလှည့်မှုစသည်တို့ကို
အလေးအနက်ထားဆောင်ရွက်ခဲ့ကြောင်း
ဖော်ပြထားသည်။
ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် အောက်တိုဘာလ
၂၁ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍
လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊လုံခြုံရေးအဆင့်
တိုးမြှင့်ခြင်း များ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှ အောက်တိုဘာလ ၂၄ ရက်နေ့
ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ခဲ့ကြောင်းလည်း ဦးဇော်ဌေး(မှူးဇော်) ၏
Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊တပ်မတော်နှင့်တာဝန်သိပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုများကြောင့်
အောက်တိုဘာလ ၂၇ရက်နှင့် ၂၈ ရက်နေ့များတွင်
တည်ငြိမ်အေးချမ်းသည့်အနေအထားသို့ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း၊
နိုင်ငံတော်သမ္မတမှလည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို
အမြန်ဆုံးရ ရှိအောင်ဆောင်ရွက်ရာတွင် လိုအပ်သမျှအင်အားကို
ရယူသုံးစွဲရန်၊လုံခြုံရေးဆောင်ရွက်မှု ဦးစားပေးအ ဆင့်မြှင့်တင်ရန်
ညွှန်ကြားထားကြောင်းလည်းဖော်ပြထားသည်။
လက်ရှိအခြေအနေတွင် တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိပြီးနောက်
ဖြစ်ပွားခဲ့သည့် Crisis တွင် အတိဒုက္ခရောက်ခဲ့ကြရသည့် Victim များအတွက်
စားနပ်ရိက္ခာဖြည့်တင်းပေးရေး၊အမိုးအကာအောက်ရောက် ရှိရေး ကျန်းမာရေးစောင့်
ရှောက်မှုပေးနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားခဲ့မှုကြောင် အောက်တိုဘာလ
၂၁ရက်နေ့မှ အောက်တိုဘာလ၂၆ ရက်နေ့ထိ သေဆုံးသူ ၈၄ဦး၊ ဒဏ်ရာရသူ ၁၂၉
ဦးရှိပြီး အိမ်ခြေ ၂၉၅၀ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၄ခု ဆန်စက် ၈ လုံး
မီးလောက်ပျက်ဆီးခဲ့ကြောင်း သိရသည်။ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသည့်
ပဋိပက္ခဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့သည့် ဇွန်လမှ အောက်တိုဘာလ ၂၆ရက်နေ့အထိ
အကြမ်းဖက်ဖျက်ဆီးမှုများတွင်ပါဝင်သူ ၂၀၅၈ဦး ကိုလည်း ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက် လျှက်ရှိကြောင်း နိုင်ငံပိုင် ရုပ်/သံများတွင် အောက်တိုဘာလ
၂၈ရက်နေ့ ညပိုင်းသတင်းကြေငြာချက်အရ သိရသည်။
EMG
No comments:
Post a Comment