Monday, October 29, 2012

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် သေဆုံး ၆၇ဦး၊ ဒဏ်ရာရ ၉၅ဦး၊ အိမ်ခြေ ၂၈၁၈ လုံး၊ ဘာသာရေး အဆောက်အဦး ၁၈လုံး ပျက်စီး

Ever November | 10/29/2012 04:31:00 PM | Best Blogger Tips

၂၂ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သော   ရခိုင်ဒေသတွင်းပဋိပက္ခကြောင့် အောက်တိုဘာ၂၆ရက်နေ့ထိ စာရင်းအရ  ရခိုင်နှင့် ဘင်္ဂလီ စုစုပေါင်းသေဆုံးသူ ၆၇ဦး၊ ဒဏ်ရာရသူ ၉၅ ဦး၊အိမ်ခြေ ၂၈၁၈ လုံးနှင့် ဘာသာရေးအဆောက်အဦး ၁၈လုံးပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီ ဝင် တစ်ဦးကပြောသည်။
 
 ထို့အပြင် ပဋိပက္ခအတွင်း  မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ် ရသေ့တောင်မြို့နယ် တို့မှ လူစုစုပေါင်း ၂၆ ဦးစစ်တွေဆေးရုံကြီးတွင် ဆေးဝါးကုသခံနေရသည်။
 
မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ရသေ့တောင်မြို့နယ်တို့  အောက်တိုဘာ ၂၂ ရက်နေ့မှစ၍ ၂၆ရက်နေ့ ဆက်တိုက် ပဋိပက္ခဖြစ်ပွားခဲ့သည်။
 
 ပဋိပက္ခဖြစ်ပွားနေသော ပေါက်တော၊ရသေ့တောင်၊ ကျောက်ဖြူ ရမ်းဗြဲ၊ မြေပုံ၊မြောက်ဦး မင်းပြားမြို့နယ် တို့တွင်လည်းလုံခြုံရေးများချထားရဆဲဖြစ်သည်။ယမန်နေ့ကလည်းရမ်းဗြဲမြို့နယ်တွင် အပြန် အလှန်မီးရှို့မှု လည်းဖြစ်ခဲ့ သည်။
 
ပေါက်တောမြို့ရပ်ကွက်(၃)၊ ဘဝမ်းချောင်းဝချောင်းဝရပ်ကွက် တို့အားအောက်တိုဘာ ၂၅ရက်နေ့က မီးလောင်ကျွမ်းခဲ့စဉ်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ဂဝဝကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
မိုးဝေ(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1