Monday, October 29, 2012

လပြည့်ကာလကြောင့် စန်ဒီအပူပိုင်းမုန်တိုင်း မဟာဟာရီကိန်းအဖြစ် ပြောင်းလဲသွားနိုင်

Ever November | 10/29/2012 04:29:00 PM | Best Blogger Tips

အမေရိကန်ပြည်ထောင်စု အတ္တလန္တစ် ကမ်းရိုးတန်းဒေသသို့ အောက်တိုဘာ ၂၉ ရက် သို့မဟုတ် ၃၀ ရက်တွင် ၀င်ရောက်တိုက်ခတ်နိုင်သော စန်ဒီဟာရီကိန်းမုန်တိုင်းသည် လပြည့်နေ့နှင့် ကြုံကြိုက်နေခြင်းကြောင့် အဖျက်စွမ်းအား ပိုမိုကြီးမားလာနိုင်သည့် မဟာဟာရီကိန်း မုန်တိုင်းဖြစ်လာနိုင်ကြောင်း မိုးလေ၀သပညာရှင်များက ခန့်မှန်းထားကြသည်။ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းတွင် လသည် အပြည့်အ၀ဆုံး အနေအထားသို့ ရောက်ရှိမည်ဖြစ်ရာ စန်ဒီဟာရီကိန်း မုန်တိုင်း၏ အကျိုးသက်ရောက်မှုကို ထည့်မတွက်သည့်တိုင် ပင်လယ်ဒီရေသည် သာမန်အချိန်မျိုးထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း မိုးလေ၀သပညာရှင်များက ပြောကြားသည်။ ဆန်ဒီဟာရီကိန်း တိုက်ခတ်မည့်အချိန်တွင် မုန်တိုင်းဒီရေ မြင့်တက်လာမှုရှိလာမည်ဖြစ်ရာ လပြည့်နေ့နှင့် ကြုံကြိုက်နေမှုကြောင့် ရေမျက်နှာပြင် မြင့်တက်မှုသည် သာမန်ထက်ပိုပြီး မြင့်မားမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်းဒေသ၌ အလယ်အလတ် သို့မဟုတ် ဆိုးရွားသည့် ကမ်းရိုးတန်း ရေလွှမ်းမိုးမှုများနှင့် ကမ်းခြေရေ တိုက်စားခြင်းများ ဖြစ်လာနိုင်ကြောင်း သိရသည်။ လပြည့်နေ့များတွင် ကမ္ဘာမြေ၊ နေနှင့်လတို့ တစ်တန်းတည်း ကျရောက်မည်ဖြစ်ပြီး ကမ္ဘာမြေမှာ နေနှင့်လအကြားတွင် တည်ရှိနေမည်ဖြစ်သည်။ ထိုသို့သော  အချိန်မျိုးတွင် ကမ္ဘာမြေပေါ်၌ နေနှင့်လတို့၏ ဆွဲအားများ အပြန်အလှန် အကျိုးသက်ရာက်မှုရှိတတ်သောကြောင့် ဒီရေမြင့်တက်မှု ဖြစ်တတ်သည်။ စန်ဒီမဟာဟာရီကန်း မုန်တိုင်းသည် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းဒေသ အတော်များများနှင့် ယင်းဒေသများနေ ပြည်သူသန်း ၆၀ မျှတို့အပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလာနိုင်ကြောင်း အမျိုးသား သမုဒ္ဒရာနှင့် လေထုလွှာ စီမံခန့်ခွဲရေး အေဂျင်စီက ခန့်မှန်းထားသည်။ စန်ဒီဟာရီကန်းသည် အမေရိကန်ပြည်ထောင်စုအတွင်း တိုက်ခတ်ခဲ့ဖူးသမျှ အင်အားအပြင်းထန်ဆုံး အပူပိုင်းမုန်တိုင်း ဖြစ်လာနိုင်ဖွယ်ရှိသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1