Monday, October 29, 2012

ဘေးလ်အတွက် အံ့ဩလောက်ဖွယ် ငွေသုံးလာဖွယ် ရှိသည့် မော်ရင်ဟို

Ever November | 10/29/2012 03:11:00 PM | Best Blogger Tips
ရီးယဲလ်မှ စိတ်ဝင်စားနေသည့် ဘေးလ်

ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုသည် ဂါရတ်သ်ဘေးလ်အား ရရှိရေး အတွက် အံ့ဩလောက်ဖွယ် ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် အသင့်ရှိနေကြောင်း သိရှိရသည်။
ပေါင်စတာလင် သန်း(၅၀) ပေါက်ဈေးရှိသော ကစားသမားအား ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်တွင်ပင် ပေါ်တူဂီသား နည်းပြက ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ အကယ်၍ မော်ရင်ဟိုက ဘေးလ်အတွက် ကမ်းလှမ်းခဲ့ပါက ပေါ်တူဂီသား ဘယ်တောင်ပံ ကစားသမား ဖေဘီယို ကွန်ထရာအိုကို အလိုက်အဖြစ် ထည့်သွင်း အဆိုပြုသွားမည်ဟု သိရသည်။ မော်ရင်ဟိုသည် ဘေးလ်အတွက် ပေါင်စတာလင် သန်း(၅၀)အပြင် ကွန်ထရာအိုကိုပါ လွှဲပေးသွားရန် ရည်ရွယ်ထားရာ ယင်းအတိုင်း အမှန်တကယ် ကမ်းလှမ်းလာပါက စပါးက ငြင်းဆန်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။
အသက်(၂၄)နှစ်ရှိ ကွန်ထရာအိုအား စပါးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ၎င်းချယ်လ်ဆီးကို တာဝန်ယူနေစဉ် ကမ်းလှမ်းခဲ့ဖူးသည်။ ကွန်ထရာအိုသည် ယခုရာသီ ရီးယဲလ်အသင်းအတွက် (၂)ပွဲသာ ကစားရသေးပြီး အသင်းတွင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရသည်။ ဘေးလ်သည် ဩဂုတ်လကမှ စပါးနှင့် (၅)နှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုထားသူ ဖြစ်သည်။ သို့သော်လည်း ရီးယဲလ်က လူကာမိုဒရစ် နောက်ပိုင်း ဝှိုက်ဟတ်လိန်း ပရိသတ်၏ နောက်ထပ် နှလုံးသည်းပွတ် ကစားသမား တစ်ဦးကို ဘာနေဗျူး အရောက် ဆောင်ကြဉ်းရန် ယုံကြည်ချက် ရှိနေဆဲဟု သိရှိရသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1