ချယ်လ်ဆီး အသင်း နောက်ခံလူ ဂယ်ရီကာဟေးလ်
မန်နေဂျာ၏ အလှည့်ကျ စနစ်ကိုမိမိမပျော်ရွှင်ကြောင်းချယ်လ်ဆီးအသင်း နောက်ခံလူဂယ်ရီကာဟေးလ်က ထုတ်ဖော် ဝန်ခံလိုက်သည်။
အင်္ဂလန် လက်ရွေးစင် ဗဟို နောက်ခံလူက မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုနှင့် ဂျွန်တယ်ရီ၊ ဒေးဗစ်လုဇ်တို့နှင့် တစ်လှည့်စီ ပွဲထွက် နေရသော အနေအထားကို မကျေနပ်ဟု ပြောကြားသွားသည်။ ယခုနှစ်ဆန်းပိုင်းက ဘော်လ်တန် အသင်းမှ ပြောင်းရွှေ့လာသည့် ကာဟေးလ်သည် တယ်ရီ၏ (၄)ပွဲပယ် ပြစ်ဒဏ် ကာလတွင် လုဇ်နှင့် ပူးပေါင်းကာ ချယ်လ်ဆီး၏ ပွဲထွက် ဗဟိုခံစစ်အတွဲအဖြစ် နေရာခိုင်မာနေမည် ဖြစ်သည်။ သို့သော်လည်း တယ်ရီ ပြန်ကစားနိုင်ချိန်တွင်မူ အီတလီသား မန်နေဂျာ၏ အလှည့်ကျ စနစ်နှင့် ကြုံတွေ့ရမည့်အပေါ် မုန်းတီးမိကြောင်း ပြောဆိုသွားသည်။
"ကျွန်တော် ဒီရာသီမှာ စိတ်ပျက်ရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဒါကို မညာပါဘူး။
အင်္ဂါနေ့ညက ချန်ပီယံလိဂ်လို အခြေအနေမျိုးပေါ့။ ပြီးတော့ အလှည့်ကျ
စနစ်ကိုရောပဲ"ဟု ကာဟေးလ်က Sunday Mirrorသို့ ဖွင့်ဟခဲ့သည်။ "လူတိုင်း
ကစားရသလောက် ကိုယ်က ကစားခွင့် ရတယ်ဆိုရင် ကျွန်တော် လက်ခံနိုင်ပါတယ်။
ဒီအတွေးကပဲ လက်ရှိ အနေအထားနဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ်လို့ ကျွန်တော်
ယူဆမိပါတယ်"ဟုလည်း ကာဟေးလ်က ပြောဆိုသွားသည်။ ကာဟေးလ်သည် ယခုရာသီ
ပရီးမီးယားလိဂ် (၅)ပွဲတွင် (၂)ဂိုး သွင်းယူထားသလို UEFAစူပါဖလားတွင်လည်း
ချယ်လ်ဆီးအသင်း အက်သလက်တီကို မက်ဒရစ်ကို (၄-၁)ဖြင့် အရေးနိမ့်ရာ၌
(၁)လုံးတည်းသော ဂိုးကို သွင်းယူပေးခဲ့သည်။
soccer myanmar
No comments:
Post a Comment