Tuesday, November 6, 2012

အငှားယာဉ်မောင်းအား လည်ပင်းညှစ် ချွန်ထက်သောအရာဖြင့် ထောက်ကာ လုယက်သူ တစ်စုအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

Ever November | 11/06/2012 03:44:00 PM | Best Blogger Tips
၅.၁၁.၂၀၁၂ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် ယာဉ်မောင်း ရဲဇော် မောင်း နှင် သည့်   ဒ/… … …… …….. ယာဉ်အား  ဘုရားလမ်းတွင်အမည်မသိ လူငယ် (၄)ဦးမှသုဝဏ္ဏတံတားအဆင်း “ DC” နိုက်ကလပ်သို့  ငှားသွားရာ နိုက်ကလပ် ရောက်ခါနီး တွင် ယာဉ်နောက်ခန်း wGif စီးနင်း လာသူမှ ယာဉ်မောင်းအား ချွန်ထက်သော အရာဖြင့် ထောက်၍ အခြားတစ်ဦးမှ လည်ပင်းညှစ်သဖြင့် ယာဉ်မှာ သုဝဏ္ဏ အားကစားရုံ အနီး သစ်ပင်အား ၀င်တိုက်ပြီး ရပ်သွားစဉ် ယာဉ်မောင်းဘေးထိုင်သူမှ ယာဉ်မောင်းထံမှ ငွေ သုံးသောင်း ( ၃၀၀၀၀)ကျပ် နှင့် လိုင်စင်အားလုယူကာထွက်ပြေးသွားကြသဖြင့် သင်္ဃန်းကျွန်းရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုးရုံးမှတိုင်း/ခရိုင် မြို့ နယ်အသီးသီးတွငမင်းမဲ့ စရိုက်ဆန်ပြစ်မှုများနှိမ်နှင်းခြင်း အထူးစီမံချက်ဆောင်ရွက်နေသည့်အဖွဲ့ များအားဆက်သွယ်ကွပ်ကဲညွှန်ကြားခဲ့ ရာတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ ဝင်များသည် ပြစ်မှုကျုးလွန်သူ (၄)ဦးအနက်မှ သာကေတနေ တင်စိုး(ခ)ကုလား ဆိုသူနှင့် ပြည်မြို့ နေကောင်းပြည့်(ခ) ရေခဲတို့ (၂)ဦးအားမူခင်းဖြစ်ပြီး၂၄နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှသတင်းရပါသည်။
MNN

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1