Tuesday, November 6, 2012

ရန်ကုန်မြို့၏ အမြင့်ဆုံအဆောက်အဦကို ဂျပန်နည်းပညာဖြင့်ဆောက်လုပ်မည်

Ever November | 11/06/2012 03:37:00 PM | Best Blogger Tips
ရန်ကုန်မြို့မှမပြီးပြတ်ခဲ့သောတာဝါစီမံကိန်းအားတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည် လမ်း၊ အမှတ် (၅၅၅) ရှိ (၁၁၅x ၂၀၀) ပေကျယ်ဝန်းသောမြေကွက် တွင် ဂျပန်နိုင်ငံ၏ ခေတ်မီဆောက်  လုပ်ရေးနည်းပညာဖြင့် အထပ် (၃၆) ထပ်မြင့်မားသည့်ရန်ကုန်မြို့  တော်၏ အမြင်ဆုံးအဆောက် အအုံဆောက်လုပ်ရန် ကြိုတင်ပြင် ဆင်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်မည့်မြေကို CB ဘဏ်  ဥက္ကဋ္ဌဦးဇင်မောင်အေးနှင့် ဦးမောင်စိန်တို့က ပိုင်ဆိုင်ပြီးအဆောက် အအုံကို Developer Company အနေဖြင့် စင်ကာပူနိုင်ငံတွင် အခြေစိုက်သောKAWA OIL Pte.,Ltd ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံ သောမြေရှင်တို့ဖြင့်အကျိုးတူပူး ပေါင်း၍ ဆောက်လုပ်မည်ဟုသိရ သည်။
အဆောက်အအုံ၏ပုံစံဒီဇိုင်း နှင့် အဆောက်အအုံဆောက်လုပ်  ခြင်းလုပ်ငန်းများကို ဂျပန်နိုင်ငံ အခြေစိုက် IREE MIYAKE ARCHTECTS & ENGINEERS Co. (IMA) ၏ ဥက္ကဋ္ဌMr. MAKOTO UDAKA က တာဝန်ယူတည်ဆောက်မည်ဖြစ်  သည်။ နိုင်ငံတော်၏သက်ဆိုင်ရာ   ဌာနအသီးသီး၏ခွင့်ပြုချက်များရ ရှိပြီးပါက (၂၀၁၃) ခုနှစ် နှစ်လယ် ပိုင်းတွင်စတင်တည်ဆောက်ကာ (၂) နှစ်ခွဲကြာမြင့်မည်ဟုသိရသည်။ အဆောက်အအုံ၏ (Basement)) မြေအောက် (၄) လွှာတွင်ကားပါ ကင် (Car Parking) ပါရှိမည်ဖြစ် သလိုခေတ်မီဂျပန်နိုင်ငံ၏လုံခြုံရေး  ဥပဒေအရ အရေးပေါ်အန္တရာယ်  ကျရောက်လျှင် အကာအကွယ် ပေးနိုင်သော အရေးပေါ်ဓာတ်လှေ ကားများ၊ အလိုအလျောက်မီးငြိမ်း သတ်စက်များတပ်ဆင်ထားမည် ဖြစ်သည်။
စီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ ရုံးခန်းများအတွက် အဓိကရည်ရွယ်  ဆောက်လုပ်မည်ဖြစ်၍ အလွှာ တိုင်းတွင် အများသုံးနေရာလပ် များ (PUBLIC AREA) ပါဝင်ပြီး  အခန်းများမဖွဲ့စည်းဘဲ (Hall Type) ဖြစ်ကာလိုအပ်မှသာအခန်း  များဖွဲ့စည်းမည်ဖြစ်သည်။ အလွှာ  တစ်လွှာတွင် စတုရန်းပေနှစ် သောင်းကျယ်ဝန်းပြီးအဆောက် အအုံတစ်ခုလုံးသည် စတုရန်းပေ  ခုနစ်သိန်းနှစ်သောင်းရှိမည်ဟုသိရ သည်။ ယင်းအဆောက်အအုံကို555 MERCHANT STREET OFFICE TOWER DEVELOPMENT PROJECT  ဟု အမည်ပေးထားပြီး နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအဖြစ်ဒေါ်လာသန်း (၁၀၀) ကျော်အကုန်ခံတည်ဆောက် မည်ဖြစ်ကြောင်း နိုဝင်ဘာ (၃) ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်တ ထောင်မြို့နယ်၊ တွင်ကျင်းပသောသတင်းစာရှင်း လင်းပွဲအရ သိရှိရသည်။
မိုးမြင့်ဆွေ
TheHotNewsJournal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1