Tuesday, November 6, 2012

ကင်ဆာရောဂါကို ခုခံနိုင်ခဲ့ပေမယ့် စိုးရိမ်မှုတွေ ရှိသေးတဲ့ ကိုင်လီမင်နာ့

Ever November | 11/06/2012 03:11:00 PM | | Best Blogger Tips

အဆိုတော် ကိုင်လီမင်နာ့က ရင်သားကင်ဆာဝေဒနာကို အလဲထိုးပြီး ပြန်လည် ကျန်းမာလာပေမယ့် ရှိုးပွဲတွေသီဆိုဖို့ အတွက် စိုးရိမ်စိတ်ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။
အသက်၄၄နှစ်အရွယ်ရှိ မင်နာ့က ကင်ဆာဝေဒနာကို ၂ဝဝ၅ခုနှစ်မေလမှာ ခံစားခဲ့ ရတာဖြစ်ပြီး ၂ဝဝ၆ခုနှစ်မှာ ပြန်လည်ကျန်းမာလာခဲ့ပါတယ်။ ကင်ဆာဝေဒနာကို အလဲ ထိုးပြီးတဲ့ နောက်မှာလည်း အနုပညာရှင်တစ်ဦးအနေနဲ့ ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ သူမက ဆိုပါတယ်။

”ကျွန်မအဲဒီလောက် မစိုးရိမ်သင့်ပါဘူး။ ပရိသတ်တွေက ဖျော်ဖြေပွဲကြည့်ရတာ ကြိုက်တယ်။ ကျွန်မကလည်း ဖျော်ဖြေရတာ ကြိုက်တယ်။ ဒါကြောင့် ကျွန်မကြိုးစားပြီး ဒီအလုပ်ကို ဆက်လုပ်သွားပါ့မယ်”လို့ သူမက ဆိုပါတယ်။
မင်နာ့က ၂ဝဝ၆ခုနှစ် နိုဝင်ဘာလက သြစတြေးလျမှာ လုပ်တဲ့ ဖျော်ဖြေပွဲတုန်းက စင်ပေါ်မှာ ငိုကြွေးခဲ့ပြီး သူမရဲ့ အသံပြောင်းသွားမှာကို အမြဲတမ်းစိုးရိမ်ပူပန်နေခဲ့ရတယ် လို့ ဆိုပါတယ်။
Ref:Zeenews
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1