Tuesday, November 6, 2012

စန္ဒီမုန်တိုင်းကြောင့် မွေးရပ်မြေရဲ့ ပျက်စီးဆုံးရှုံးမှုအပေါ် အသည်းကြွေ မတတ်ဝမ်းနည်းတယ်ဆိုတဲ့ လေဒီဂါဂါ

Ever November | 11/06/2012 02:58:00 PM | | Best Blogger Tips

အောက်တိုဘာ ၂၉ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ အင်အားပြင်း စန္ဒီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုအပေါ် ပေါ့(ပ်) ဘုရင်မ လေဒီဂါဂါက ကြေကွဲ
ဝမ်းနည်းရတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဂါဂါက နယူးယောက်မြို့ မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး စန္ဒီမုန်တိုင်းတိုက်ခတ်မှုကြောင့် နယူးယောက်မြို့ကြီး ရေလွှမ်းခဲ့တယ်လို့ ပြော ပါတယ်။
စန္ဒီမုန်တိုင်း တိုက်ခတ်တဲ့အချိန်မှာ လေဒီဂါဂါက ‘Puerto Rico’ ဒေသကို ဖျော်ဖြေ ပွဲလုပ်ဖို့ရောက်နေပါတယ်။ မုန်တိုင်းတိုက်ခတ်နေတဲ့ မြင်ကွင်းကို မြင်ရတာလည်း ဝမ်း နည်းစရာကောင်းတယ်လို့ ဂါဂါကဆိုပါတယ်။
”ကျွန်မဘယ်လောက် ဝမ်းနည်းတယ်ဆိုတာကို ဘယ်လိုစကားလုံးနဲ့ ပြောရမလဲတောင် မသိဘူး။ ကျွန်မငယ်ငယ်လေးကတည်းကနေခဲ့တဲ့မြို့၊ အခုလို ရေလွှမ်း တာ တော်တော်လေး ကြေကွဲရတယ်။ “ကျွန်မတို့မြို့ မကြာခင်အခြေအနေ ပြန်ကောင်းသွားမယ်ဆိုတာ သိပေမယ့် ဘာလို့တအား စိတ်မကောင်းဖြစ်မိနေလဲ မသိဘူး။ ဖျော်ဖြေပွဲအတွက် တခြားမြို့ကိုရောက်နေလို့ အိမ်လွမ်းတာထင်ပါတယ်။ ကျွန်မဘဝကို လုံခြုံနွေးထွေး စေတဲ့မြို့ကြီး အခုတော့ မုန်တိုင်းဒဏ်ကြောင့် အပျက် အစီးတွေနဲ့”လို့ ဂါဂါက သူ့ရဲ့ ‘Little Monsters’ ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။
Ref:conlin.com
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1