Tuesday, November 6, 2012

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမာတြားတွင် ရေလွှမ်း၊ လူထောင်ပေါင်းများ စွာ ကယ်ဆယ်ခဲ့ရ

Ever November | 11/06/2012 03:01:00 PM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် နိုဝင်ဘာ ၄ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဆာဒန်မြစ်ရေ လျှံမှုကြောင့် မြောက်ဆူမာတြားပြည်နယ် ဆာဒန်ဘီဒါဂန်ဒေသတွင် နေအိမ်ပေါင်း ၁၈၄၂ လုံး ရေလွှမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦးက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။ အဆိုပါ ရေလွှမ်းမှုသည် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် မိုးများ အဆက်မပြတ် ရွာသွန်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် စူတိုပိုပူဝါအိုက ပြောကြားသည်။ ရေလွှမ်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်သွားသည့် အဆိုပါဒေသမှ ရွာသားထောင်ပေါင်းများစွာအား ၄င်းတို့၏ နေအိမ်များမှနေ၍ အမျိုးသား သဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေး ဌာနက အလျင်အမြန် ကူညီဆောင်ရွက်ပေးခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် အစားအစာများလည်း ကူညီထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒေသအတွင်းရှိ ရန်တိုပါရန်နှင့် ဘာတန်အင်န်ကိုလာမြစ်များလည်း မိုးသည်းထန်မှုကြောင့် မြစ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော် သေဆုံးမှုများ မရှိခဲ့ကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1