Wednesday, November 14, 2012

တောရက်စ် နေရာတွင် လူစား ထိုးသင့်ပြီဟု ချယ်လ်ဆီးအား ဂူးလစ် တိုက်တွန်း

Ever November | 11/14/2012 11:35:00 AM | Best Blogger Tips

ချယ်လ်ဆီး အနေဖြင့် ဖာနန်ဒို တောရက်စ် နေရာတွင် အစားထိုးရန် လူသစ် ရှာသင့်နေပြီဟု အသင်း မန်နေဂျာဟောင်း ရုဒ်ဂူးလစ်က တိုက်တွန်း ပြောကြားလိုက်သည်။
ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် ပွဲတိုင်း ပွဲထွက် ကစားနေရသော်လည်း စပိန်လက်ရွေးစင် တိုက်စစ်မြားဦး ကစားသမားသည် (၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ တောရက်စ်သည် အသင်းအတွက် ကောင်းမွန်သော အားထုတ်မှုများ ပြုလုပ်ပေးနိုင်သည့်တိုင် အဓိက တိုက်စစ်မှူးအနေဖြင့် ဂိုးသွင်းစွမ်းရည် ကျဆင်းနေခြင်းက ချယ်လ်ဆီးအတွက် အခက်အခဲတစ်ရပ် ဖြစ်လာခဲ့သည်။ နယ်သာလန် ဂန္ထဝင် တစ်ဦးလည်းဖြစ်သည့် ဂူးလစ်ကမူ ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၅၀)ဖြင့် ဝယ်ယူထားသော ကစားသမားကို ပြတ်ပြတ်သားသား အပြောင်းအလဲ လုပ်သင့်ပြီဟု ချယ်လ်ဆီးထံ တိုက်တွန်းသွားခဲ့သည်။
အသက်(၅၀)အရွယ် ဂူးလစ်က "ချယ်လ်ဆီးက တောရက်စ်ကို အခွင့်အရေးတစ်ခု ပေးချင်တယ်။ ဒါကို သူယူနိုင်သလား။ ဟင့်အင်း၊ ကျွန်တော် မသိဘူး။ လီဗာပူးလ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့မှာ တောရက်စ် လုပ်ပြခဲ့တာတွေက မယုံနိုင်လောက်စရာပါပဲ။ ချယ်လ်ဆီးမှာတော့ အဲဒါမျိုးတွေ မလုပ်ပြနိုင်ဘူး။ ဒါဟာ အကြောင်းရင်း တချို့တော့ ရှိပါမယ်။ ဘာဖြစ်လို့လဲ ကျွန်တော် မသိဘူး။ ဆိုးတော့ ဆိုးရွားလွန်းပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ဆက်ဖြစ်နေမယ် ဆိုရင်တော့ ချယ်လ်ဆီးဟာ တခြားတစ်ခုခုကို ရွေးချယ်သင့်ပါပြီ"ဟု ဝေဖန် ပြောဆိုသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1