Wednesday, November 14, 2012

ရှက်တာ တိုက်စစ်မှူး အက်ဒရီယာနိုကို အာဆင်နယ်၊ စပါးနှင့် လီဗာပူးလ်တို့ စိတ်ဝင်စားနေ

Ever November | 11/14/2012 10:40:00 AM | Best Blogger Tips
 
ရှက်တာဒိုးနက်ခ်မှ အက်ဒရီယာနို



ရှက်တာဒိုးနက်ခ် အသင်းမှ လူးဝစ် အက်ဒရီယာနိုကို ပရီးမီးယားလိဂ် ကလပ်များဖြစ်သည့် အာဆင်နယ်၊ တော့တင်ဟမ် ဟော့စပါးနှင့် လီဗာပူးလ်တို့ အပြိုင် ချိတ်ဆက်နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ယင်းကလပ် အသင်းများမှ ကင်းထောက်များသည် အသက်(၂၅)နှစ်ရှိ ဘရာဇီးလ် ကြယ်ပွင့်၏ ကစားဟန်ကို ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းက အနီးကပ် လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ ချယ်လ်ဆီးအသင်းကို ယူကရိန်း ချန်ပီယံ ကလပ်က စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် (၃-၂)ဖြင့်  ရလဒ် ကျဉ်းမြောင်းစွာ အရေးနိမ့်ခဲ့သည့် ပွဲစဉ်အတွင်း အင်္ဂလန် ကလပ်များမှ ကင်းထောက်များသည် အက်ဒရီယာနိုအား လာရောက် လေ့လာခဲ့သည်။ မြန်နှုန်းမြင့်မားစွာ တိုက်စစ် ဆင်တတ်သော ရှေ့တန်းလူသည် ရှက်တာအတွက် (၁၀၇)ပွဲတွင် (၄၅)ဂိုး သွင်းယူပေးထားသည်။

အက်ဒရီယာနိုသည် ရှက်တာတွင် ၎င်း၏ တိုက်စစ်လက်တွဲဖော်များ ဖြစ်ကြသည့် ဝီလျံ၊ ဖာနန်ဒင်ဟိုတို့နှင့် အတွဲအဖက်မိမိ ကစားပြနေသူ ဖြစ်သည်။ စာချုပ် အနေအထား အရ ထို(၃)ဦးအနက် အက်ဒရီယာနိုအား အခြားကလပ်များက ကမ်းလှမ်းဝယ်ယူရန် အလွယ်ကူဆုံး အနေအထား ဖြစ်နေခြင်းကြောင့် အင်္ဂလန် ကလပ်အသင်းများက ၎င်းအပေါ် အာရုံကျလာခြင်းဟု သတင်းများက ဆိုသည်။ အာဆင်နယ်သည် အသင်းမှ တိုက်စစ်မှူး မော်ရိုချာမက်ခ်အား ရောင်းထုတ်ပြီး အက်ဒရီယာနိုအား ကမ်းလှမ်းရန် လိုလားနေသလို တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေသော စပါးနှင့် လီဗာပူးလ် အသင်းများကလည်း ၎င်းကို အသီးသီး စောင့်ကြည့်နေဆဲဟု သိရှိရသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1