QPR မှ ကမ်းလှမ်းဖွယ် ရှိနေသည့် အနယ်လ်ကာ
နီကိုလက်စ် အနယ်လ်ကာအား ပရီးမီးယားလိဂ်သို့ ပြန်လည် ခေါ်ယူရန် QPRအသင်းက ကြံစည်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ပြီးခဲ့သည့် ဆောင်းရာသီက ချယ်လ်ဆီးကို စွန့်ခွာပြီး တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာသို့ ပြောင်းရွှေ့သွားသော ပြင်သစ် တိုက်စစ်မှူးအား လက်ရှိ ပရီးမီးယားလိဂ် တန်းဆင်းဇုန် လွတ်မြောက်ရေး အတွက် ရုန်းကန်နေရသော QPRက စိတ်ဝင်စားနေခြင်း ဖြစ်သည်။ အနယ်လ်ကာကို ၎င်း၏ အသင်းဟောင်း လီဗာပူးလ်ကလည်း ပြန်လည် ခေါ်ယူရန် ကြိုးစားနေကြောင်း သိရသည်။ အသက်(၃၃)နှစ်ရှိ အနယ်လ်ကာသည် ရှန်ဟိုင်းတွင် အခြေတကျ မရှိဘဲ ရုန်းကန်နေရသည့်နောက် အင်္ဂလန်သို့ ပြန်လာရန် ဆန္ဒရှိနေကြောင်း သတင်းများက ဆိုသည်။
သို့သော်လည်း အင်္ဂလန် ကလပ်များအတွက် အနယ်လ်ကာကို ပြန်လည် ခေါ်ယူရေးတွင် ၎င်း၏
တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၅၀၀၀၀)ဆိုသော အချက်မှာ ကြီးမားသော
ကန့်သတ်တားဆီးမှု ဖြစ်နေဖွယ်ရှိသည်။ လီဗာပူးလ်ရော၊ QPRအသင်းပါ အဆိုပါ
လုပ်ခမျိုးကို အနယ်လ်ကာ အတွက် ပေးချေနိုင်ဖွယ် မရှိချေ။ QPRအသင်းပိုင်ရှင်
တိုနီဖာနန်ဒက်စ်သည် အသင်းကို ပရီးမီးယားလိဂ်တွင် မြဲမြံနေစေရေးအတွက်
ကစားသမား (၁၂)ဦးကို ပေါင်စတာလင် (၂၂)သန်းနီးပါး အကုန်အကျခံ ခေါ်ယူပေးပြီး
ဖြစ်သည်။
soccer myanmar
No comments:
Post a Comment