Wednesday, November 14, 2012

ဖာဒီနန်နှင့် ဗီဒစ် နေရာတွင် အစားထိုးရန် ရှောခရော့စ်အား မန်ယူ ချိန်ရွယ်

Ever November | 11/14/2012 04:22:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရီယိုဖာဒီနန်နှင့် နီမန်ဂျာဗီဒစ်တို့ နေရာတွင် အစားထိုးရန် အတွက် ရိုင်ယန် ရှောခရော့စ်အား ချိန်ရွယ်နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
အသက်(၂၅)နှစ် ရှိပြီဖြစ်သော စတုတ်ခ်စီးတီး အသင်းခေါင်းဆောင်သည် ပရီးမီးယားလိဂ်တွင် အမာကျောဆုံး ဗဟိုခံစစ် ကစားသမားကောင်း တစ်ဦးအဖြစ် မှတ်ကျောက်တင်ခံ ခြေစွမ်းပြလျှက် ရှိနေသည်။ ရှောခရော့စ်သည် (၂၀၁၄)ခုနှစ်ထိ စတုတ်ခ်တွင် စာချုပ်သက်တမ်း ကျန်ရှိနေဆဲဖြစ်ပြီး ၎င်း၏ တိုးတက်မှုများကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကို ကိုယ်စားပြုရန်လည်း အနီးစပ်ဆုံး ဖြစ်လာခဲ့သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အသက်အရွယ်ကြောင့်ရော၊ ဒဏ်ရာပြဿနာများကြောင့်ပါ အကျပိုင်း ရောက်လာသည့် ဝါရင့် ခံစစ်မှူး (၂)ဦး နေရာတွင် ရှောခရော့စ်နှင့် အစားထိုးရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဖာဂူဆန်သည် (၂၀၀၈)ခုနှစ်က ရှောခရော့စ်ကို ပေါင်စတာလင် (၁)သန်းမျှဖြင့် စတုတ်ခ်ထံ ရောင်းချခဲ့သူလည်း ဖြစ်သည်။ စတုတ်ခ်သည် ရှောခရော့စ်ကို အခြားအသင်းကြီးများလက် မကျရောက်စေရေးအတွက် (၆)နှစ် သက်တမ်းတိုးရန် စီစဉ်နေသော်လည်း မန်ယူက အမှန်တကယ် ကမ်းလှမ်းလာလျှင်မူ ကစားသမားကို ထိန်းသိမ်းထားရန် ခက်ခဲဖွယ် ရှိနေသည်။ စတုတ်ခ် မန်နေဂျာ တိုနီပူးလစ် ကိုယ်တိုင်ကလည်း ရှောခရော့စ်၏ အနာဂတ်နှင့် ပတ်သက်ပြီး မိမိတတ်နိုင်သည်မှာ မျှော်လင့်ရုံ၊ ဆုတောင်းရုံသာရှိကြောင်း ဖွင့်ဟပြောဆိုထားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1