Wednesday, November 14, 2012

စလစ်ဈေးနှင့်အတူ ကားဈေးနှုန်း(၂၀)ရာခိုင်နှုန်း ၀န်းကျင် မြင့်တက်

Ever November | 11/14/2012 11:07:00 AM | Best Blogger Tips

စလစ်ဈေးမြင့်တက်လာမှုကြောင့် ရန်ကုန်မြို့ရှိ ကားဈေးကွက်အတွင်း ကားဈေးနူန်းများမှာ (၂၀)ရာခိုင်နှုန်းနီးပါး   မြင့်တက်လာကြောင်း သိရသည်။
 
ယခင်က ကားစလစ်တစ်စောင်လျှင် ကျပ်သိန်း(၇၀)သာရှိခဲ့ပြီး  "ဗ" အက္ခရာယာဉ်ဟောင်းများအား စတင် လက်ခံသည့် စက်တင်ဘာ ပထမပတ်မှစ၍ ကားစလစ်စေးနူန်းများမှာ ကျပ်သိန်း (၉၀) ကျော် သို့ မြင့်တက်လာကြောင်း အရောင်းအ၀ယ်ပြုလုပ်သူများထံက သိရှိရသည်။
 
သိန်း (၁၇၀) ရှိ Toyota Ipsum ကားသည် သိန်း (၂၀၀) မှ သိန်း (၂၂၀) ထိ ဈေးမြင့်တက်လာပြီး Toyota Kluger ၂၀၀၂ မော်ဒယ်မှာ ကျပ်သိန်း (၂၉၀)၊ ၂၀၀၄ မော်ဒယ်ဆိုလျှင် သိန်း (၃၂၀) ခန့်ထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။
 
" Prado ထဲမှာဆိုရင် TZ Grade၊ 97 Model ဆိုရင် သိန်း (၃၃၀) ၀န်းကျင်လောက်ရှိတယ်၊ ပြီးတော့ (၁၃၀၀) စီစီ ကားတွေလည်း အရင်ကလောက် မရောင်းရတော့ဘူး၊ အမြင့်ကားတွေပဲ နည်းနည်း အ၀ယ်လိုက်နေတယ်လေ" ဟု ဟံသာဝတီ ကားပွဲစားတန်းမှကိုဇော်က  ပြောသည်။
 
ယခုနောက်ပိုင်း ကားဈေးကွက်အတွင်း ဗ စလစ်များသည် ဈေးတက်နေပြီး  ယာဉ်ဟောင်းအဖြစ် တင်သွင်းနေသော ဘ အက္ခရာ ကားများမှာ ပိုမိုအရောင်းသွက်လာသော်လည်းစလစ်ဈေးများ ငြိမ် နေခြင်းဖြစ်သည်။ သို့သော် တင်သွင်းနေသည့် ကားဈေးများ မှာလည်း ဈေးကျရန် အကြောင်း မရှိကြောင်း ကားပွဲစားတို့က သုံးသပ်ကြသည်။
 
လက်တလော ကားစလစ်ဈေးနူန်းမြင့်တက်လာသည့်အတွက် ရန်ကုန်ကားဈေးကွက်အတွင်း အရောင်းအ၀ယ် နည်းသွားကြောင်းကိုလည်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။
 
"အခုနောက်ပိုင်း သွင်းလာတဲ့ ကားတွေက မျာပြီးတော့ အ၀ယ်ကနည်းနေတယ်။ ဒီတော့ ပြည်တွင်း မှာပဲ ကားတွေက ပုံနေပြီးတော့ ၀ယ်လက်က မရှိတော့ဘူး။ ဒီတော့ ကားဈေးက တက်မှာပဲလေ။ ပြီးတော့ နောက်ပိုင်းသွင်းလာတဲ့ ကားတွေက အမြင့်ကားတွေ များလာတော့ ဈေးက လျှော့လို့ မလွယ်တော့ဘူး။ ဒီတော့ ဈေးတွေက ကြီးနေတာ" ဟု ကိုဇော်က ဆက်ပြောသည်။
 
နယ်ဝယ်လက်များအနေဖြင့် အကြိုက်တွေ့သော ကားများမှာ Surf 97 ဒီဇယ်၊ Prado 96/ 97 ဒီဇယ်နှင့် Kluger ကားမျိုး  အကြိုက်များကြောင်း၊ သို့သော် အကြိုက်သာ ဖြစ်ပြီး အ၀ယ်များခြင်း မဟုတ်ကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရသည်။
 
လတ်တလော ရန်ကုန်ကားဈေးကွက်အခြေအနေသည် စလစ်ဈေးနူန်းမြင့်တက်မှုကြောင့် အောက် ကားအချို့ အနည်းငယ် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၀ယ်လိုအား နည်းသွားကြောင်းကိုလည်း သိရသည်။
မြတ်မိုးကျော်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1