Wednesday, November 14, 2012

ကိုယ့်ကိုယ်ကိုယ် အမြဲပြန်သုံးသပ်နေတဲ့ ဝတ်မှုံရွှေရည်

Ever November | 11/14/2012 10:55:00 AM | Best Blogger Tips

နိုဝင်ဘာလကုန်မှာ ကောင်လေးနှစ်ယောက်၊ ကောင်မလေးတစ်ယောက်နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ရိုက်ကူးမယ့်ဝတ်မှုံရွှေည်က ဒီနှစ်တက်မယ့် အကယ်ဒမီပေးပွဲ အတွက် ပြင်ဆင်မှုတွေ မလုပ်ရသေးကြောင်း ပြောပါ
တယ်။ အချိန်လည်း လိုနေသေးတဲ့အတွက် ဝတ်စုံလည်း မရွေးရသေးသလို၊ ရန်ကုန်မှာ တက်ရမယ့် အကယ်ဒမီပေးပွဲ ဖြစ်တဲ့အတွက် ပိုကောင်းပါ တယ်လို့ပြောပြီး ဘယ်သူတွေအကယ်ဒမီ ရမယ်ဆိုတဲ့ ခန့်မှန်းသံတွေ ကိုလည်း နားထောင်နေကြောင်း ဆိုပါတယ်။

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးရတာကြောင့် ပရိသတ်တွေ အမြင်မရိုး ဘဲ ဆန်းသစ်နေအောင် ဘယ်လိုလုပ်ဆောင်ရလဲ ဆိုတဲ့အမေးကို ဝတ်မှုံရွှေရည်က.. ''အဓိကက ကိုယ့်ကိုယ် ကိုယ် ပြန်သုံးသပ်ပါတယ်။ ပရိသတ်အကြံပေးမှုအပေါ်ကိုလည်း အခြေခံပြီးစဉ်းစားတယ်။ တအားထွင်တာမျိုးထက် ကိုယ့်ရဲ့ပရိသတ် လက်ခံထားတဲ့ ပုံစံမျိုးတွေထဲက ပဲ မတူတဲ့ ပုံစံနဲ့ ကွဲပြားအောင် လုပ်ရပါ တယ်။ ဇာတ်ကားရွေးချယ်တာကို သတိထားရတယ်။ ကစ်တို့က တစ်လကို နှစ်ကား၊သုံးကားရိုက်နေသူတွေ ဆို တော့ တစ်ခါတလေ ဇာတ်လမ်း နည်းနည်းဆင်တာမျိုးတွေ ဖြစ်တတ် တယ်။ ကိုယ်ကတော့ သေချာ သတိ ထားရတာပေါ့။ ပရိသတ်နဲ့မအပ်စပ်တဲ့ ဇာတ်ကားမျိုးတွေဖြစ် သွားရင်လည်း နားလည်ပေးပါလို့ ပြောချင်ပါတယ်။ အကောင်းဆုံးဖြစ်အောင်နဲ့ ကိုယ့်ဘက်က တာဝန်ကျေအောင်လုပ်ပါတယ်'' လို့ ပြောပြီး ဇာတ်ကားတွေ၊ ကြော်ငြာတွေ ရိုက်ကူးဖို့ လက်ခံ ထားကြောင်း ပြောပြပါတယ်။
ဝဿန်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1