မြို့ခံနှစ်သင်း အကြိတ်အနယ် ဖြစ်နေသည့် ဘီရာဒီ
အီတလီ လူငယ် တိုက်စစ်မှူးလေး ဒိုမန်စီယို ဘီရာဒီအား အပြိုင် ခေါ်ယူရန် ကြိုးပမ်းမှုတွင် မန်ချက်စတာ မြို့ခံ နှစ်သင်းနှင့် လီဗာပူးလ်တို့ အကြိတ်အနယ် ဖြစ်လာကြောင်း သိရသည်။
အသက်(၁၈)နှစ်ရှိ ကစားသမားလေးသည် အီတလီ စီးရီးဘီ ကလပ်အသင်း ဆက်ဆူအိုလိုတွင် ကစားနေသူ ဖြစ်သည်။ ၎င်းသည် လတ်တလောတွင် (၁၀)ပွဲကစားကာ (၃)ဂိုး သွင်းယူပေးထားသလို တစ်စထက်တစ်စ တိုးတက်လာသော အရည်အသွေးကောင်းများကို ပြသလျှက် ရှိနေသည်။ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် လီဗာပူးလ်တို့သည် ဘီရာဒီအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေသလို ဆောက်သမ်တန် အသင်းကလည်း ပါဝင် ချိတ်ဆက်လျှက် ရှိနေသည်။
ကစားသမား၏ အေးဂျင့် ဂူဆက်ပီ ဂယ်လီက ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးသည်
အီတလီ ကလပ်များဖြစ်သည့် ဂျူဗင်းတပ်စ်၊ ရိုးမားတို့နှင့်အပြိုင် ဘီရာဒီအတွက်
ကြိုးပမ်းနေကြောင်း အတည်ပြုထားသည်။ ဂယ်လီက "ဂျူဗင်းတပ်စ်၊ ရိုးမားနဲ့
မန်စီးတီးတို့ ဘီရာဒီကို ချိတ်နေတယ်ဆိုတာ ကောလာဟလ သက်သက် မဟုတ်ပါဘူး။
သူတို့ဘက်က တကယ် စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကဆိုရင်
ဆက်ဆူအိုလို ကစားတဲ့ ပွဲတွေကို အဲဒီအသင်းတွေက ကင်းထောက် စေလွှတ်ပြီး
ဘီရာဒီကို လေ့လာစေခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
soccer myanmar
No comments:
Post a Comment