Saturday, November 24, 2012

ကွင်းလယ်တွင် ကစားရခြင်းကို ကျေနပ်ကြောင်း ရွန်နီဆို

Ever November | 11/24/2012 02:45:00 PM | Best Blogger Tips
ကွင်းလယ်နေရာအတွက် ကျေနပ်သည့် ရွန်းနီ

ကွင်းလယ် ဖန်တီးမှု အပိုင်းကို နက်နက်ရှိုင်းရှိုင်း တာဝန် ယူနေရခြင်းကို ကျေနပ် သဘောကျကြောင်း ဝိန်းရွန်နီက ထုတ်ဖော် ပြောကြားလိုက်သည်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် ယခုရာသီ ရော်ဘင်ဗန်ပါစီ၊ ဒန်နီဝဲလ်ဘက်နှင့် ဟာဗီးယား ဟာနန်ဒက်ဇ်စသော တိုက်စစ်မှူးများ အသင်းတွင် ကြံ့ခိုင်မှု ပြည့်ဝပြီး ပုံစံကောင်း ရနေသည့်အတွက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် စိတ်တိုင်းကျ ကွင်းလယ် တိုက်စစ်သို့ ဆင်းကစားပေးလျှက် ရှိသည်။ ပြီးခဲ့သည့် ဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ဒုတိယ အများဆုံး ကစားသမားသည် လက်ရှိတွင်မူ အဓိက ဂိုးသွင်းသူ အဖြစ်မှ ဖန်တီးမှုပိုင်း အားသန်သူအဖြစ် တစ်စထက် တစ်စ ပုံစံပြောင်း ကစားပေးနေသည်။
အသက်(၂၇)နှစ်ရှိ ရွန်နီက နေရာအပြောင်းအလဲ ကစားရခြင်းသည် မိမိအတွက် အခက်အခဲ မရှိလှဟု ဆိုသည်။ "ကျွန်တော် ပြောနေကျပါ။ ကွင်းလယ်မှာ ဆင်းကစားရတာဟာ ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး"ဟု မန်ယူအသင်း တရားဝင် ဝက်ဘ်ဆိုက်သို့ ပြောဆိုခဲ့သည်။ "ကျွန်တော်တို့ဟာ ခုချိန်မှာ မျှတတဲ့ အနေအထားတစ်ရပ် ရှိနေပြီလို့ ယူဆတယ်။ ကျွန်တော်တို့ အသင်းမှာ တိုက်စစ်မှူးကောင်းတွေ ပါဝင်တဲ့ လူစာရင်း ရှိနေပါတယ်။ အားလုံးက ဂိုးသွင်းဖို့ ထက်သန်ပြီး လက်တွေ့ စွမ်းဆောင်နိုင်သူတွေပါ။ ဒီအခြေအနေမှာ ကျွန်တော်က ကွင်းလယ်ကို နက်နက်ရှိုင်းရှိုင်း တာဝန်ယူ ကစားပေးနိုင်မယ် ဆိုရင် အသင်းအတွက် ကောင်းမွန်မှာပါ"ဟုလည်း ရွန်နီက ဆိုသည်။

၎င်းက "ကျွန်တော် ဂိုးတွေ သွင်းချင်ပါတယ်။ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်က အသင်းအောင်မြင်ဖို့ အတွက် ကူညီကြိုးစားပေးချင်တာ အဓိကပါပဲ။ နောဝှစ်ခ်ျစီးတီးနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ QPRနဲ့ပွဲမှာတော့ ကျွန်တော်တို့ ဒါကို ပြောင်းလဲပစ်နိုင်မယ် ထင်ပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1