အသင်း၏ လက်ရှိ အခြေအနေကို စိတ်ပျက်သည့် အဒီဘာယော
ယခုထက် ပိုကောင်းလာအောင် မစွမ်းဆောင်နိုင်ပါက တော့တင်ဟမ် ဟော့စပါး အနေဖြင့် ယခုရာသီ ဆိုးရွားသော အခြေအနေများထံ ဦးတည်သွားလိမ့်မည်ဟု အီမန်နျူရယ်လ် အဒီဘာယောက သတိပေးလိုက်သည်။
မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ် ကိုင်တွယ်နေသော အသင်းသည် တနင်္ဂနွေနေ့တွင် ဝက်စ်ဟမ်း ယူနိုက်တက် အသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ တိုဂိုလက်ရွေးစင် အဒီဘာယောသည် အီတလီကလပ် လာဇီယိုကို သရေကျခဲ့သည့် ယူရိုပါလိဂ် ပြိုင်ပွဲတွင် ပါဝင် ကစားခဲ့သည်။ ၎င်းက လက်ရှိ ဘောလုံးရာသီ စပါးအသင်း၏ ဖြတ်သန်းမှုများအပေါ် အားမရနိုင် ဖြစ်နေပြီး အသင်းဖော်များ အနေဖြင့် ယခုထက် ပိုမို ကြိုးစား ရုန်းကန်ပြီး အသင်းကို မြှင့်တင်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
အဒီဘာယောက "လက်ရှိ ဖြတ်သန်းနေတဲ့ အခြေအနေ တချို့ကို ကျွန်တော်တို့ 
ကိုယ်တိုင် စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းအဆင့်ကို 
မရောက်သေးတာ ဘာကြောင့်မှန်း မသိပါဘူး။ ဒါပေမဲ့ မြန်မြန်ဆန်ဆန် ရုန်းထပြီး 
ကျွန်တော်တို့ ရောက်နိုင်တဲ့ အမြင့်ဆုံး အခြေအနေကို ပြန်တက်နိုင်ဖို့တော့ 
မျှော်လင့်ပါတယ်။ ကျွန်တော် ပြောတာ ယုံပါ။ စပါးဟာ အခက်အခဲထဲ ပိတ်မိအောင် 
ကိုယ့်ဖာသာ လုပ်ဆောင်နေမိသလို ဖြစ်နေပါတယ်။ အသင်းဖော်တွေက ကျွန်တော့်ကို 
အကောင်းမြင်ဖို့ ပြောပါတယ်။ တကယ်က ကျွန်တော် အဆိုးမြင်နေတာ မဟုတ်ပါဘူး။ 
အဆိုးတွေ ဖြစ်လာမှာကို စိုးရိမ်တာပါ။ ကျွန်တော်တို့ ပိုကောင်းအောင် 
မလုပ်ဆောင်နိုင်ရင် ဒီရာသီ စပါးရဲ့ ရပ်တည်မှုဟာ သေဆုံး သွားနိုင်ပါတယ်"ဟု 
ဝေဖန် ပြောဆိုသွားခဲ့သည်။
soccer myanmar 


No comments:
Post a Comment