Saturday, November 24, 2012

ကွေးညွှတ်နိုင်မည့် မိုဘိုင်းလ်ဖုန်း Samsung ထုတ်လုပ်မည်

Ever November | 11/24/2012 03:08:00 PM | Best Blogger Tips

တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီး Samsungသည်   ကွေးကောက်နိုင် သည့် Screenမျိုး တပ်ဆင်ထားမည့် မိုဘိုင်းလ်ဖုန်း အမျိုးအစားကို ထုတ်လုပ်ရောင်းချရန် စတင်လုပ်ဆောင်နေကြောင်း သိရသည်။ ယင်းဖုန်းအမျိုးအစားသစ်ကို Samsungက သုတေသန ပြုလုပ် မှု နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး လာမည့်နှစ်အတွင်းစတင်ရောင်းချ သွားဖွယ် ရှိနေသည်။ 
ယင်းဖုန်းသည်စမတ်ဖုန်း လောကတွင် တော်လှန်ရေးတစ်ရပ် ဖြစ်လာနိုင်ပြီးပိုက်ဆံအိတ်အတွင်း ခေါက်သွင်း သယ်ယူနိုင်သည့် အခြေအနေမျိုးထိ စမတ်ဖုန်းတစ်လုံးကို သယ်ယူရန် လွယ်ကူလာစေမည်ဟု ဆိုသည်။ ဖုန်း၏ Screenအတွက် LEDနည်းပညာကို အသုံးပြုကာ မြန်နှုန်းမြင့် 4Gကွန်ရက်ကိုပင် ချိတ်ဆက်နိုင်မည်ဟု ယူဆရသည်။ Samsungသည် တွန့်ခေါက်နိုင်သော OLED Screenနည်းပညာကိုလည်း အလေးအနက် သုတေသနပြုနေဆဲ ဖြစ်သည်။ 
သာမန်အားဖြင့် Screen အမာများသည် ဖန်သားဖြင့် ပြုလုပ်လေ့ ရှိသော်လည်း Samsungက LEDနည်းပညာကို ပိုလီအီသိုင်လင်းကဲ့သို့ ပျော့ပြောင်းသော ကိုယ်ထည်ပိုင်းနှင့် တွဲစပ်ရန် ရည်ရွယ်ကြံဆောင်လာခြင်း ဖြစ်သည်။ လတ်တလောတွင် ဂျပန်ကုမ္ပဏီ Sonyနှင့် တောင်ကိုရီးယားမှ Samsung၏ ပြိုင်ဘက် LGတို့သည်လည်း အလားတူ နည်းပညာမျိုးကို သုတေသနပြု စမ်းသပ်လျှက် ရှိသည်။
Planet Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1