Saturday, November 24, 2012

ကိုးလ်နှင့် လမ်းပတ်တို့ ချယ်လ်ဆီးမှ ထွက်ခွာနိုင်ကြောင်း ဘင်နီတက်ဇ် ဝန်ခံ

Ever November | 11/24/2012 02:25:00 PM | Best Blogger Tips
အသင်းမှ ထွက်ခွာဖွယ် ရှိသည့် အက်ရှ်လေကိုးလ်နှင့် ဖရန့်ခ်လမ်းပတ်

အက်ရှ်လေကိုးလ်နှင့် ဖရန့်ခ်လမ်းပတ်တို့၏ ချယ်လ်ဆီး အနာဂတ် ပြီးဆုံးလုပြီဟု အသင်း မန်နေဂျာ ရာဖေးလ် ဘင်နီတက်ဇ်က ဝန်ခံ ပြောကြားလိုက်သည်။
မကြာသေးမီကမှ ချယ်လ်ဆီး မန်နေဂျာ ထိုင်ခုံပူကို ရောဘတ်တို ဒီမက်တီယိုမှ လွှဲယူခဲ့သော စပိန်သားက ချယ်လ်ဆီး၏ အတွေ့အကြုံရင့် ကစားသမား (၂)ဦးသည် ရာသီကုန်တွင် စတမ်းဖို့ဒ် ဘရစ်ဂ်ျကို ကျောခိုင်းဖွယ် ရှိနေကြောင်း ဖွင့်ဟခဲ့သည်။ ထိုကစားသမားများသည် ချယ်လ်ဆီးက (၁)နှစ်ချင်းစီ သက်တမ်းတိုး စာချုပ်ရန် ကမ်းလှမ်းမှုကို လက်မခံဘဲ ငြင်းဆန်ထားသူများ ဖြစ်သည်။ ယင်းတို့၏ စာချုပ်သက်တမ်း အသီးသီးမှာ ယခုနွေရာသီတွင် ကုန်ဆုံးမည်ဟုလည်း သိရှိရသည်။
ဘင်နီတက်ဇ်က "ဖြစ်နိုင်ခြေ ရှိပါတယ်။ ယတိပြတ်တော့ ကျွန်တော် မပြောနိုင်ဘူးပေါ့။ ကျွန်တော့် စာချုပ်က (၇)လစာပဲ ရှိတာပါ။ မန်နေဂျာ တစ်ယောက်က ကလပ်တစ်ခုမှာ ပြည့်ပြည့်ဝဝ လွှမ်းမိုးသိရှိနိုင်ဖို့ (၂)နှစ်ကနေ (၃)နှစ်လောက် အချိန်ယူရပါတယ်။ ဒါပေမဲ့ လမ်းပတ်နဲ့ ကိုးလ်ရဲ့ ကိစ္စကတော့ လတ်တလောမှာတင် စဉ်းစားစရာ ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်"ဟု ဆိုသည်။ သတင်းထောက်များက ပုံစံကောင်း ပျောက်ဆုံးနေသည့် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဘင်နီတက်ဇ်က "တောရက်စ်အကြောင်း အများကြီး ကျွန်တော် ပြောစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူ့အကြောင်း ကျွန်တော် ကောင်းကောင်း သိထားပြီးသား မို့လို့ပါ။ ဒါပေမဲ့ ကျွန်တော် တွေးနေတာ တောရက်စ် တစ်ယောက်ထဲကို မြှင့်တင်ပေးဖို့ မဟုတ်ပါဘူး။ တစ်သင်းလုံး အတွက် ဖြစ်ပါတယ်" ဟု ဖြေဆိုသွားသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1