Saturday, November 24, 2012

ထိုင်းနိုင်ငံ အစိုးရမှ တရားမ၀င်အလုပ်သမား စုစုပေါင်း ၁၈၄၀၀၀ ခန့်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ရန် စီစဉ်နေ

Ever November | 11/24/2012 03:12:00 PM | Best Blogger Tips
ထိုင်းနိုင်ငံ အစိုးရမှ တရားမ၀င်အလုပ်သမား စုစုပေါင်း ၁၈၄၀၀၀ ခန့်ကို ဒီဇင်ဘာ ၁၄ ရက်  နောက်ဆုံးထားပြီး သက်ဆိုင်ရာနိုင်ငံများသို့  ပြန်ပို့ရန်  စီစဉ်နေသည်။အလုပ်သမား ၀န်ကြီးဌာနမှ ဗိုလ်ချုပ် Pravit Khiengpol ကပြောကြားရာတွင် တရားမ၀င်အလုပ်သမား ၁၈၄၀၀၀ ရှိကြောင်း၊ မြန်မာ မှ ၄၅၀၀၀၊ ကမ္ဘောဒီးယားမှ ၄၀၀၀၀ နှင့် လာအိုမှ ၀င်ရောက်နေထိုင်သူ ၉၉၀၀၀ ရှိကြောင်းပြောကြားသည်။ လာအိုအစိုးရ အလုပ်သမား ၀န်ကြီးဌာနမှ တရားမ၀င်နိုင်ငံသားများအရေး အကူအညီပေးရန် ပြောကြားခဲ့သည်။

Mr.Pravitမှဒီဇင်ဘာ၁၄ရက်နောက်ဆုံးထားပြီးတရားမ၀င်အလုပ်သမားများသည်နယ်စပ်စစ်ဆေးရေးဂိတ်
များမှ ချက်ချင်းထွက်ခွာရန် ပြောကြားသည်။


ထိုသို့ မိမိတို့ နိုင်ငံသို့ မပြန်ပါက ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ပြောကြားထားသည်။

အစိုးရမှတရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများလျှော့ချရေးကိုလုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူဆောင်
ရွက်သွားမည် ဖြစ်ပြီး မြန်မာ၊ကမ္ဘောဒီးယား၊လာအိုတို့မှ ရောက်ရှိလာသောတရားမ၀င် ရွှေ့ပြောင်းအလုပ်သ
မားများကို တရားဝင်မှတ်ပုံတင်ပြီး အလုပ်လုပ်ကြရန် သတိပေးထားသည်။
popular News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1