Wednesday, November 14, 2012

အဝတ်အစားပိုင်းထက် အိုက်တင်ပိုင်းကိုပဲ အဓိကထားကြောင်း သင်ဇာဝင့်ကျော်ပြော

Ever November | 11/14/2012 10:31:00 AM | Best Blogger Tips

လတ်တလောမှာ သင်ဇာဝင့်ကျော်က ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးနေ တဲ့ “မော်ဒန်နိုက်(စ်)လူကြမ်း” ဇာတ်ကားကို သူထူးစံ၊ မင်းဦး တို့နဲ့အတူ ပါဝင် သရုပ် ဆောင် နေပါတယ်။
သင်ဇာဝင့်ကျော်က ဇာတ်လမ်း အဆန်း လေးတွေလည်း ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး “ကိုယ့်ကို ဇာတ် တစ်ပုဒ်လာငှားပြီဆိုရင် ဇာတ်ကိုအရင် ဖတ်တယ်။ ပြီးရင် မင်းသမီး ဘယ်နှ ယောက်ပါလဲကြည့်တယ်။ ဇာတ်ကားရိုက်ပြီ ဆိုရင်လည်း တစ်ကား နဲ့တစ်ကားအိုက်တင် မထပ် အောင် ဂရုစိုက်ပါတယ်။အဓိကက ကာရိုက်တာ မှာ မု(ဒ်)ဝင်သွားတယ်၊ အိုက်တင်လည်းကောင်း တယ်ဆိုရင် ပရိသတ်တွေ ကလည်း ကြည့်ရတာ ရိုး မှာမဟုတ်ပါဘူး။ သင်ဇာတို့က အဝတ်အစား ပိုင်းမှာ လည်း သိပ်ပြီးတော့ ပြောင်းလဲလို့ မရဘူး။

ကာရိုက်တာပေါ်မူတည်ပြီး ပြောင်းပေ မယ့်အဓိကကတော့ အိုက်တင်ပိုင်း ကိုပဲ အဓိက ထားပြီးလုပ်ဖြစ်တယ်” လို့ ပြောပါ တယ်။ သင်ဇာဝင့်ကျော်က သီလရှင်ဝတ်ပြီး ထွက်လာ တဲ့ နောက်ပိုင်းမှာ ဇာတ်ကားထဲက ကာရိုက်တာ နဲ့လိုက်အောင် ကိုယ်ကြိုက်တဲ့ ဆံပင်တုပုံစံမျိုးကိုတပ်ပြီး သရုပ်ဆောင် ရတဲ့ အခါမှာပိုပြီးတော့အဆင်ပြေတယ်လို့ ဆိုပါတယ်။ သင်ဇာ ဒီ အနုပညာလောက ထဲ ရောက်တဲ့အချိန်မှာ ရန်ကုန်မှာပြုလုပ်တဲ့ အကယ် ဒမီပွဲကို တစ်နှစ်ပဲ တက်ခဲ့ ဖူးတယ်။ အဲဒီတုန်းက သင်ဇာ က မော်ဒယ်ပဲရှိသေးတယ်။ သရုပ်ဆောင်တောင် မဖြစ်သေးဘူး။ နောက်နှစ် လည်းကျရော သင်ဇာက ဗန်း ကိုင် ဖြစ်သွားတယ်။ အဲဒီနှစ်မှာ ပဲ နေပြည်တော် မှာကျင်း ပတော့ သင်ဇာက နှစ်တိုင်းနေပြည်တော်ပဲတက် နေရတယ်။ ဒီနှစ်က ရန်ကုန် မှာပြန်ဖြစ်တဲ့ အခါဆိုတော့ သင်ဇာ့အနေနဲ့ စိတ်ခံစားမှုက အသစ်ပြန်ဖြစ် မယ်ဆို တာတော့ သေချာ တယ်။ နောက်ပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရန်ကုန် မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲ ကိုတော့ ဒါပထမ ဦးဆုံး တက်ဖြစ် မှာပါ” လို့ အကယ် ဒမီ ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။
လွင်လွင်ထွန်း
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1