Wednesday, November 14, 2012

ဂျရတ်ကို အသင်းပြောင်းရန် အီဘရာဟီမိုဗစ် တိုက်တွန်း

Ever November | 11/14/2012 11:13:00 AM | Best Blogger Tips

PSGအသင်း တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က စတီဗင်ဂျရတ် အနေဖြင့် လီဗာပူးလ်ကို စွန့်ခွာသင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။
ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူးက လီဗာပူးလ် အတွက် ကာလရှည်ကြာ ပေးဆပ် ကစားခဲ့ပြီးနောက် ဂျရတ်သည် အသင်းကို စွန့်ခွာကာ နိုင်ငံတကာ အဆင့်တွင် ပိုမို ထိုးဖောက်နိုင်သည့် အသင်းတစ်ခုသို့ ခြေချ ရွေးချယ်သင့်ပြီဟု မှတ်ချက်ပြုခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဂျရတ်သည် လီဗာပူးလ်တွင် အသင်းခေါင်းဆောင် တာဝန်ကိုလည်း ရယူထားသည်။ Mr. Liverpoolဟုပင် ညွှန်းဆိုခြင်း ခံရသော ဂျရတ်သည် အသင်းတွင်မူ ကစားသမား ဘဝ တစ်လျှောက် အမှတ်ပေး ချန်ပီယံဘွဲ့ကို တစ်ကြိမ်မျှ မရရှိခဲ့ဖူးချေ။
ကစားသမား ဘဝ တစ်လျှောက် ကလပ်အသင်းများစွာ ပြောင်းရွှေ့ဖူးသည့် အီဘရာဟီမိုဗစ်က ဂျရတ်အနေဖြင့် ပရော်ဖက်ရှင်နယ် ဘဝတွင် ပိုမိုအောင်မြင်စေရန် အန်းဖီးလ်ကို တွယ်ကပ်မနေသင့်ကြောင်း ပြောဆိုခဲ့သည်။ "လီဗာပူးလ်ဟာ အသင်းကြီး တစ်ခု ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဂျရတ်ရဲ့ အနေအထားက ကြီးမားတဲ့ နိုင်ငံတကာအဆင့် ကလပ်အသင်းကြီး တစ်ခုမှာ ရှိနေသင့်တာပါ။ ဒီလိုဆိုရင် အင်္ဂလန်အတွက်လည်း ပိုကောင်းစေပါလိမ့်မယ်။ သူသာ နိုင်ငံခြား ထွက်ကစားရင် စိတ်လှုပ်ရှားစရာပါ။ တကယ့် ကစားသမားကောင်းတွေဟာ ဘယ်နိုင်ငံမှာမဆို ကွဲပြားတာတွေကို လုပ်ပြနိုင်စွမ်း ရှိပါတယ်"ဟု အီဘရာဟီမိုဗစ်က ပြောကြားသွားသည်။

ဂျရတ်ကမူ "ကျွန်တော်ဟာ အီဘရာဟီမိုဗစ်ရဲ့ ပရိသတ်ပါ။ ဒါပေမဲ့ သူ့အကြံကိုတော့ နားမထောင်တော့ပါဘူး။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ် အသင်းကြီး တစ်ခုမှာ ရှိနှင့်ပြီး ဖြစ်ပါတယ်"ဟု တုံ့ပြန်သွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1