Tuesday, November 6, 2012

အပျော်တွေ ထပ်ဆင့်ခဲ့တဲ့ ဘောလီးဝုဒ်မင်းသမီး အက်(ရှ်)ဝါယာရိုင်း

Ever November | 11/06/2012 03:04:00 PM | | Best Blogger Tips

နိုဝင်ဘာ၁ရက်နေ့က ကမ္ဘာကျော် ဘောလီးဝုဒ်မင်းသမီး အက်(ရှ်)ဝါယာရိုင်းရဲ့ အသက်၃၉နှစ်ပြည့် မွေးနေ့ဖြစ် သလို၊ အောင်မြင်မှုတွေ ထပ်ဆင့်လောင်းတဲ့နေ့ ထူးနေ့မြတ်လို့ပြောရင်လည်း မမှားပါဘူး။ Indo-French ပူးပေါင်းဆောင်ရွက်မှုများ၊ ရုပ် ရှင်၊ အနုပညာနဲ့ ယဉ်ကျေးမှုတွေမှာ ဖွံ့ဖြိုး တိုးတက်စေမှု၊ ရုပ်ရှင်လောကမှာ ဘုရင်မတစ်ဦးသဖွယ် အောင်မြင်စွာ ရပ်တည်နိုင်မှု စတာတွေကြောင့် သူမကို ပြင်သစ်အစိုးရက ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါတယ်။


ဂုဏ်ပြုဆုပေးအပ်ပွဲကို ၂ဝ၁၂ခုနှစ် ၊နိုဝင်ဘာ ၁ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး၊ သူမမွေးနေ့ရက်နဲ့လည်း တိုက်ဆိုင်ပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Francois Richier က ပြင်သစ်အစိုးရ ကိုယ်စား သူ့ကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။
ဒီဂုဏ်ပြုပွဲကို သူ့ရဲ့ မိဘ၊ ယောက္ခမဖြစ်သူ ဘောလီးဝုဒ်မင်းသားကြီး အမီတာ ဘချမ်း၊ ခင်ပွန်းဖြစ်သူ မင်းသား အဖီရှပ် အပါအဝင်တစ်မျိုးလုံး တက်ရောက်မှာပါ။ ဒီလို တက်ရောက်နိုင်ဖို့လည်း တခြားအလုပ်တွေ အားလုံးကို ဖျက်လိုက်ရပါတယ်။
Ref:Zeenews
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1