Tuesday, November 6, 2012

The Voice ဂျာနယ်ရဲ့ အယူခံကို တရားရုံးက ပယ်ချ

Ever November | 11/06/2012 03:09:00 PM | Best Blogger Tips
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်က The Voice ဂျာနယ်နှင့် သတ္တုတွင်း ၀န်ကြီးဋ္ဌာနအမှု ရုံးချိန်းသို့ ရောက်ရှိလာသည့် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။

သတ္တုတွင်းဝန်ကြီးဌာန အနေနဲ့ The Voice ဂျာနယ် ကို တရားစွဲဆိုသင့်ကြောင်း ဒဂုံမြို့နယ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် The Voice ဂျာနယ်ဘက်က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပြင်ဆင်ချက် အယူခံလျှောက်ထားမှုကို တရားရုံးက ဒီကနေ့ ပလပ်လိုက်ပါတယ်။
ဒီနေ့ တရားခွင်ကို The Voice ဂျာနယ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပေမယ့် သတ္တုတွင်းဝန်ကြီးဌာနက တရားပြိုင်တွေနဲ့ ရှေ့နေတွေ မလာရောက်ကြဘူးလို့လည်း သိရပါတယ်။
The Voice ဂျာနယ်အနေနဲ့ မြို့နယ်နဲ့ ခရိုင်အဆင့်တရားရုံးတွေမှာ ပလပ်ခံရတဲ့အတွက် တိုင်းအဆင့်အထိ ဆက်လက်အယူခံဝင်သွားမယ်လို့လည်း သိရပါတယ်။
The Voice ဂျာနယ်ဟာ သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေရဲ့ သိန်းထောင်ချီ အလွဲသုံးစားမှုတွေကို ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ဖော်ရေးသားခဲ့တာကြောင့် သတ္တုတွင်းဝန်ကြီးဌာနရဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1