Saturday, December 8, 2012

လက်ပံတောင်း သပိတ်ဖြိုခွင်းမှု တောင်းပန်ပြီ

Ever November | 12/08/2012 03:44:00 PM | Best Blogger Tips

လက်ပံတောင်းတောင် သပိတ်စခန်းတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီး အစိုးရကိုယ်စား သာသနာရေး ၀န်ကြီးဌာနက ၀န်ကြီး သူရ ဦးမြင့်အောင်က ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ပိုင်းက ရန်ကုန်မြို့ရှိ သံဃမဟာနာယက ကျောင်းဆောင်မှာ တောင်းပန်လျှောက်ထားခဲ့ပါတယ်။ 
ကြေးနီတောင် အဖြစ်အပျက်နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူများ မသိနားမလည်မှုကြောင့် ချို့ ယွင်း အားနည်းမှုများ ရှိနိုင်တာကြောင့်လို့ သတင်းစာက ဖော်ပြပြီး ဒဏ်ရာရ သံဃာများကို ဘာသာရေး ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်မှုတချို့လည်း စနစ်တကျ စီမံ အကွက်ချမှုများ ရှိတယ်လို့ သတင်းစာက ဆိုပါတယ်။ 

ယခုကဲ့သို့ ရန်ကုန်ရှိ သံဃမဟာနာယက ဆရာတော်ကြီးများကို အစိုးရ ကိုယ်စား သာသနာရေး ၀န်ကြီး က တောင်းပန်ခဲ့ခြင်းနှင့်ပတ်သက်၍ မုံရွာရှိ ထိခိုက်ဒါဏ်ရာရ ရဟန်းသံဃာတော်များကို မတောင်းပန်ဘဲ ဆန္ဒပြမှုတွင် ထိခိုက်ဒါဏ်ရာရသူများ မဟုတ်သည့် ဆရာတော်ကြီးများကို တောင်းပန်ခြင်းနှင့်ပတ် သက်ပြီး ဝေဖန်မှု တချို့ ပေါ်ထွက်နေပါတယ်။ 
irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1