Saturday, December 8, 2012

RFA ဥက္ကဋ္ဌ Libby Liu သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံ

Ever November | 12/08/2012 02:49:00 PM | Best Blogger Tips
ဒီဇင်ဘာလ ၇ ရက်နေ့က RFA ဥက္ကဋ္ဌ Libby Liu သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်(ဝဲမှယာ - RFA အကြီးအကဲ Libby Liu၊ သမ္မတဦးသိန်းစိန်နဲ့ BBG Governor Victor Ashe)

လွတ်လပ်တဲ့အာရှအသံ RFA အကြီးအကဲ Libby Liu ဟာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော် သမ္မတရုံးမှာ မနေ့ မနက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာ မှာ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှာ သတင်းလွတ်လပ်ခွင့်နဲ့ နည်းပညာပိုင်းတွေမှာ ကူညီပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ RFA ဥက္ကဋ္ဌ Ms.Libby Liu နဲ့အတူ ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ အသံလွှင့်လုပ်ငန်းများ အုပ်ချုပ်မှုအဖွဲ့ BBG က Victor Ashe၊ RFA ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်အောင် တို့ပါဝင်ပါတယ်။
သမ္မတရုံးဖက်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းနဲ့ သမ္မတရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1