Saturday, December 8, 2012

မြောက်ပင်လယ်၌ ကုန်သင်္ဘောတစ်စင်း နစ်မြုပ်

Ever November | 12/08/2012 03:20:00 PM | Best Blogger Tips

မြောက်ပင်လယ်၏ ရေခဲနေသော ပင်လယ်ပြင်အတွင်း ကုန်သင်္ဘောတစ်စင်းသည် အခြား သင်္ဘောတစ်စင်းနှင့် တိုက်မိပြီးနောက် နစ်မြုပ်ခဲ့ရာ သင်္ဘောသားလေးဦး သေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။ နယ်သာလန်နိုင်ငံ ပင်လယ်ကမ်းရိုးတန်း ကမ်းလွန်တွင် ဒီဇင်ဘာ ၅ ရက်ညက ကုန်သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ သင်္ဘောသား ၁၃ ဦးကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း၊ သင်္ဘောသားလေးဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ပြောကြားသည်။ ဝေဟင်နှင့် ပင်လယ်ပြင် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ ဘောလ်တစ်အေ့စ် အမည်ရှိ သင်္ဘောသည် ကုန်သေတ္တာတင် သင်္ဘောဖြစ်သော ကော်ဗတ်စ်ဂျေ အမည်ရှိ သင်္ဘောနှင့် ညအမှောင်ထုအတွင်း တိုက်မိခဲ့သည်။ နယ်သာလန်နိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းမှ ၆၅ ကီလိုမီတာ (မိုင်၎ဝ)ခန့် ကွာဝေးသော ပင်လယ်ပြင်အတွင်း ဘောလ်တစ်အေ့စ် အမည်ရှိ သင်္ဘောနစ်မြုပ်ခဲ့သည်။ အဆိုပါ သင်္ဘောပေါ်တွင် သင်္ဘောသား ၂၄ ဦးလိုက်ပါလာခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1