Saturday, December 8, 2012

ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော

Ever November | 12/08/2012 03:08:00 PM | Best Blogger Tips

ငါးပိရေကျိုတွင်ယူရီးယားဓာတ်မြေသြဇာများထည့်သွင်း၍ ပြုလုပ်လာသောကြောင့်စားသုံးသူပြည်သူများ
 သေချာလေ့လာပြီးမှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။
“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက် တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှုအများဆုံးကလည်းဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာကငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆိုရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာတယ်။ 
ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက် လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။
 
ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့်အသည်းကင်ဆာ၊အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကိုဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။
“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေးပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်က
ျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင်မသမာတဲ့နည်းလမ်းတွေကပါလာပြီ။အန္တရာယ်တွေလည်းအများကြီးရှိလာနိုင်တယ်။ စားသုံးသူတွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။
သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့်
အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေ
ါင်း၍ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွားမည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။
စားသုံးသူကာကွယ်ရေးအသင်းတွင်ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊အနုပညာရှင်များ၊စာရေးဆရာများ
လည်း ပါဝင်ပြီးမကြာသေးမီကဈေးကွက်အတွင်းမှအချဉ်ရည်များကိုဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးခဲ့သည်။
ဂျူးမေဇင်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1