Tuesday, January 22, 2013

ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ်လုပ်ငန်း ဂျပန်တည်ဆောက်မည်

Ever November | 1/22/2013 10:05:00 AM | Best Blogger Tips

ဂျပန်နိုင်ငံသည် ဖူကူရှီးမား ကမ်းလွန်ဒေသ၌ လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို လာမည့် ဇူလိုင်လတွင် စတင် တည်ဆောက်မည်ဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းအား ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ် စေမည်ဖြစ်ပြီး ၁ ဂစ်ဂါဝပ် ထုတ်ပေးနိုင်မည့် ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းဖြစ်လာရန် ဂျပန်နိုင်ငံက မျှော်မှန်းထားသည်။ အဆိုပါ ဓာတ်အားပေးစက်ရုံကို ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ၁၆ ကီလိုမီတာ အကွာတွင် တည်ဆောက်မည်ဖြစ်သည်။ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံသည် ၂ဝ၁၁ ခုနှစ်က မြေငလျင်နှင့် ဆူနာမီကြောင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ အမြင့်မီတာ ၂ဝဝ ရှိသော လေတာဘိုင် ၁၄၃ ခုအား ကမ်းဦးရေတိမ်ပိုင်း တစ်လျှောက်တွင် စိုက်ထူကာ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်အမျိုးသား စီမံကိန်းဌာနက ဂျပန်နိုင်ငံ၏ ပြန်လည်ပြည်ြ့ဖိုးမြဲ စွမ်းအင်အရင်းအမြစ် တိုးပွားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံသည် သဘာဝငလျင်ဘေး ခံရပြီးနောက် နျူကလီးယား ဓာတ်ပေါင်းဖို ၅၄ ခုအား ပိတ်ပစ်ခဲ့ရသော်လည်း ဓာတ်အားပြတ်လပ်မှုကြောင့် ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည် လည်ပတ်ခဲ့ရသည်။ ''ဒီစီမံကိန်းဟာ အရေးကြီးပါတယ်။ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖိုမှ လျှပ်စစ်စွမ်းအင်ကို နောက်ထပ် အသုံးပြုစရာမလိုတော့ဘူးလို့ တွက်ဆမိပါတယ်'' ဟု တိုကျိုတက္ကသိုလ်မှ စီမံကိန်းမန်နေဂျာ တာကာရှီအိုဟီဟာယာက နယူးဆိုင်းရင့်တက်စ် ဂျာနယ်သို့ ပြောကြား သွားခဲ့သည်။ 
(ရိုက်တာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1