Tuesday, January 22, 2013
ပန်းပုပညာရှင် နှစ်ဦး၏ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းပုပြိုင်ပွဲ ကျင်းပမည်
Ever November | 1/22/2013 09:44:00 AM |
အနုပညာ

ဇန်န၀ါရီလ ၂၅ ရက်နေ့၊ မနက် (၁၀)နာရီမှ နေ့လည်အထိ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် အမှတ် (၁၆၁)၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်) မြေညီထပ်တွင် ပန်းပုပညာရှင် နော်ဝေ နိုင်ငံသူ Ms. Merete Sejersted Bodtker နှင့် မြန်မာ ဗိသုကာ ပန်းပုဆရာကြီး ဦးလွင်မောင်ရဲ့ အမွေကို ဆက်ခံသူ ပန်းချီပန်းပု ပညာရှင် ဦးကျော်မင်း တို့ရဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတူ ကို နာရီပိုင်းအတွင်း အပြန်အလှန် ထုလုပ်ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပါတယ်။
အဆိုပါ နော်ဝေးနိုင်ငံသူ Ms. Merete Sejersted Bodtker ဟာ အမေရိကန်နိုင်ငံ ပန်းပု တက္ကသိုလ်မှ မဟာပန်းပု ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။ အခုပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ ပျောက်ဆုံးလုနီးပါး ဖြစ်နေတဲ့ မြန်မာ့ရိုးရာ ပန်းပု အနုပညာ နှင့် အနုပညာရှင်များ ပြန်လည် ထုတ်ဖော်မွေးဖွား လာစေမယ့် ပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Popular Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment