Tuesday, January 22, 2013

ဆီးဂိမ်းကို ရည်ရွယ်ပြီး နှစ်ပါးခွေ စီစဉ်နေတဲ့ ဖိုးချစ်

Ever November | 1/22/2013 09:32:00 AM | Best Blogger Tips

ဖိုးချစ်က မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ဆီးဂိမ်းကို ရည်ရွယ်ပြီး နှစ်ပါးခွေကို စီစဉ်နေတယ်လို့ ပြောပြပါတယ်။ ဒီအခွေမှာတော့ အားကစားနဲ့ ပတ်သက်တာတွေကို ထည့် သွင်း စီစဉ်ထားကြောင်း ပြော ပြတာကြောင့်..

“ကျွန်တော့် နှစ်ပါးသွား အခွေ တွေက နယ်က ဇာတ်သဘင် ပရိသတ် တွေအထိ ရောက်တော့ မြန်မာနိုင်ငံ က လက်ခံ ကျင်းပမယ့် ဆီးဂိမ်း အပေါ်မှာ အာရုံစိုက်စေ ချင်တဲ့ အတွက် လုပ်ဖြစ်တာပါ။ ဘယ်သူမှ လုပ်ရမယ်လို့ ပြောတာ မဟုတ်ဘဲ ကိုယ်က လုပ်သင့်တယ် ထင်လို့ပါ။ ကျွန်တော့် သီချင်း စာသားတွေ၊ ပြက်လုံးတွေ၊ ရည်ရွယ်ချက်လေးမှာ အားကစားနဲ့ ပတ်သက်တာ ပါပါလိမ့်မယ်။ နှစ်ပါးသွား ပုံစံဆိုပေမယ့် ဒီအတွက်ပိုပြီး ထင်ထင်ရှားရှားလေး ကြည့်ရမှာပါ။ ကျွန်တော် “ကမ္ဘာကျော် မင်းသား” နှစ်ပါးသွားတုန်းက ဘောလုံးကန် အကဆိုပြီး သီချင်းရေး ပြီး ရိုက်သေးတယ်။ အခွေထဲမှာ နေရာ တအား ကျပ်သွားပြီ။ ဦးဖိုး စိန်အက နဲ့ ဘောလုံး အကကျန်ခဲ့ တယ်။ အခုခွေမှာ ဘောလုံးနဲ့ပတ် သက်တဲ့ ကဟန်တွေလည်း ပါမှာပါ။ ကျွန်တော်က အားကစား ဝါ သနာပါလို့ လုပ်တယ် ဆိုတာထက် မြန်မာနိုင်ငံ သား တစ် ယောက် အနေနဲ့ လုပ်သင့်တဲ့ အလုပ် တစ်ခုကို လုပ်တဲ့သဘော ပါ။ ကျွန် တော်တို့ရဲ့ ယဉ်ကျေးမှု၊ ရိုးရာ၊ အဝတ် အစား၊ ဓလေ့ ထုံးတမ်း အစဉ်အလာတွေကို ဒီအချိန် မှာ သေ ချာ ပေါက်ပြရ မှာ အခွင့် အရေးပဲ။ အားလုံးလည်း ညီညီ ညွတ်ညွတ် ပါဝင်မှာလေ။ ကိုယ်တိုင်က အားကစား ဝါသနာ ပါတာ ကတစ်ကြောင်း၊ လုပ်သင့်တာ ကို အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်တာပါ။ အခွေက သီချင်းတွေကို ဆရာသျှန်ထွန်း (မြန်မာစာ)က ရေး နေတယ်။ အကုန် မပြီးသေးဘူး”လို့ ပြောပြပါတယ်။

ဖိုးချစ်က “ဖြူ။နီ၊ပြာ၊ဝါ” နှစ်ပါးသွား အခွေနဲ့ နောက်ထပ်နှစ်ပါးသွား အခွေတွေကိုလည်း စီစဉ်နေသလို၊ ဖေဖော်ဝါရီ ၂၁ရက်နေ့က ၂၆ရက်နေ့ အထိ သန်လျင် ကျိုက်ခေါက် ဘုရားပွဲမှာလည်း ဆက်တင် အခမ်းအနားတွေနဲ့ အခြားအစီအ စဉ်တွေ ပါဝင်ကပြဖြစ်မယ်လို့ ပြောပြ တဲ့ ဖိုးချစ်က
“ကျွန်တော် အမျိုးသား က ဇာတ်ရုံမှာ ကပြခဲ့ တဲ့ အစီအစဉ် တွေ ထဲက ပုဂံလိုမျိုး၊ အရီးကြီးလို အော်ပရာမျိုးတွေရော ဇာတ်သဘင် မှာ မြင်နေကျ မဟုတ်တဲ့ စက်တင်ပုံစံ မျိုးတွေနဲ့ ကပြဖြစ်မှာပါ။ အမျိုးသား ကဇာတ်ရုံ မှာတုန်းက မကြည့်လိုက် ရတဲ့ ပရိသတ်တွေလည်း ရှိတော့ ဒီ ကျိုက်ခေါက် ဘုရားပွဲမှာ သေချာပြန် ကပြမှာပါ”လို့ ပြောပြပါတယ်။

ဖိုးချစ်က အနုပညာ ပွဲတော်ကြီး တစ်ခု ထပ်လုပ်ဖို့ လည်းအစီအစဉ် ရှိပြီး ဒီနှစ်မိုးတွင်း လောက် မှာ လုပ်ဖို့အတွက် လိုအပ်ချက်တွေ နည်း အောင် ခမ်းခမ်း နားနားဖြစ်အောင်၊ ကြိုး စား နေ တယ် လို့ ပြော ပြခဲ့ ပါ တယ်။

မေမွန်မောင်

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1