Tuesday, January 22, 2013

ဥရောပတစ်ဝန်း ကားသစ်ရောင်းချမှု တစ်ဟုန်ထိုး ကျဆင်း

Ever November | 1/22/2013 09:52:00 AM | Best Blogger Tips

ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းများ ကြုံတွေ့ရမှုကြောင့် ဥရောပတစ်ဝန်း ကားအသစ် ရောင်းချမှုမှာ ၁၈ နှစ်အောက်အတွင်း တစ်ဟုန်ထိုး ကျဆင်းခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဥရောပ (အီးယူ) တွင် ၂ဝ၁၂ ခုနှစ်အတွင်း ကားအစီးရေ ၁၂ ဒသမ ဝ၅၃ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၂ အထိ ရောင်းအား ကျဆင်းခဲ့ပြီး ၁၉၉၅ ခုနှစ်ကတည်းကစပြီး ရောင်းအား အနည်းဆုံးအဆင့်အထိ ရောက်ရှိခဲ့ကြောင်း မှတ်တမ်းအသစ် တစ်ရပ်က ပြသမှုကို ဥရောပ ကားထုတ်လုပ်ရေးအဖွဲ့ (အေစီအီးအေ) က ဇန်နဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၂ နှစ် ဒီဇင်ဘာလက ကားရောင်းချမှုမှာ၂ဝ၁၁ ခုနှစ် အလားတူကာလက ရောင်းချရမှုနှင့် နှိုင်းယှဉ်လျှင် ၁၆ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂ဝဝ၈ ခုနှစ် အလားတူကာလက အဆိုပါရောင်းချမှုမှာ အသိသာဆုံး ကျဆင်းခဲ့သည်။ ကားရောင်းအားနည်းပါးခြင်း၏ အကျိုးဆက်ကြောင့် ကားထုတ်လုပ်သူများ အနေဖြင့် လောလောဆယ်တွင် အလုပ်ဖြတ်တောက်ခြင်းနှင့် စက်ရုံပိတ်ခြင်းများအတွက် အသိပေး ကြေညာထားသည်ဟု ဆိုသည်။ ပြင်သစ်နိုင်ငံရှိ  ကားကုမ္ပဏီတစ်ခုက ၂ဝ၁၆ ခုနှစ်တွင် ပြည်တွင်းဈေးကွက်ရှိ ယင်း၏ ဝန်ထမ်း ၁၄ ရာခိုင်နှုန်းကို အလုပ်မှ ဖြုတ်သွားဖွယ်ရှိကြောင်း ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။ ထို့အတူ ဂျာမနီနိုင်ငံရှိ ကားကုမ္ပဏီကလည်း ကားရောင်းအား ကျဆင်းမှုကြောင့် ယခု ၂ဝ၁၃ ခုနှစ်အတွင်း ၄င်း၏ ကားထုတ်လုပ်မှုကို ၁ဝ ရာခိုင်နှုန်းအထိ လျှော့ချရန် ဇန်နဝါရီလမှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1