Wednesday, January 2, 2013

ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် ဟန်းဆက်ဈေးနှုန်းများ သိသိသာသာကျဆင်းလာ

Ever November | 1/02/2013 12:45:00 PM | Best Blogger Tips
မိုဘိုင်းဖုန်းလိုင်းကတ်ဈေးနှုန်းလျှော့ချပေးမည့်သတင်းများထွက်ပေါ်နေချိန် ဟန်းဆက်အရောင်း ဈေးကွက်တွင်  ဟန်းဆက်ဈေးနှုန်း များ သိသိသာသာကျဆင်းလာကြောင်း သိရှိရသည်။
 
အရောင်းအဝယ်ဖြစ်မှုနည်းပါးလာသည့် ကာလ၌ဟန်းဆက်အရောင်းဆိုင်များမှာ ဈေးနှုန်းလျှော့ချ၍ ယှဉ်ပြိုင်ရောင်း ချနေခြင်းကြောင့် ဈေးနှုန်းလျော့ကျလာခြင်း ဖြစ်နိုင်ကြောင်းကိုလည်း ဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
 
ယခင်က ဟန်းဆက်ဈေးနှုန်းများမှာ ထောင်ဂဏန်းသာ ကျဆင်းခဲ့ရာမှ ယခုအခါ သောင်းဂဏန်း အထိ ကျဆင်းလာခြင်းဖြစ်သည်။
 
 “အရင်က အရောင်းဆိုင်တွေမှာ ဟန်းဆက်အမျိုးအစားကလည်း နည်းတယ်။ အခုက အမျိုးအစား တွေ ပေါသလို နည်းပညာအသစ်တွေကလည်း များလာတယ်။ အရောင်းကလည်း အေးလာတယ်။ ပြိုင်ဆိုင်မှုတွေကလည်း ရှိလာတယ်ဟု မင်္ဂလာဈေး လက်ကားဟန်းဆက်အရောင်းဆိုင်တစ်ဆိုင်မှ မသူဇာက ပြောသည်။
 
လက်ရှိမိုဘိုင်းဟန်းဆက်ဈေးကွက်အတွင်း လူသုံးများ GSM ဟမ်းဆက်များဖြစ်သည့် ဟာဝေး (HUAWEI) အမှတ်တံဆိပ် တရုတ်ဟန်းဆက်များဖြစ်ပါက ကျပ် နှစ်သောင်းကျော်မှ တစ်သိန်း ၀န်းကျင်အထိရှိပြီး၊ နိုကီရာ(Nokia)ဟမ်းဆက်အမျိုးအစားများမှာ ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ်တစ်သိန်းကျော်အထိရှိပြီး နာမည်ရှိဟမ်းဆက်များဖြစ်သည့် SamSung Galaxy ဟန်းဆက်များ မှာ ကျပ်တစ်သိန်းဝန်းကျင်မှ နှစ်သိန်းကျော်အထိရှိကြောင်း သိရသည်။
 
ဈေးနှုန်းတွေက မော်ဒယ်အနိမ့်တွေမှာ ၃ ထောင်လောက်ကနေစပြီး မော်ဒယ်အမြင့်တွေမှာ ဈေးနှုန်း ၂ သောင်းလောက် အထိ လျော့ကျလာကြတာ တွေ့ရတယ် ဟု လှည်းတန်းရှိ DO Ko Mo ဟန်းဆက် အရောင်းဆိုင်မှ ကိုအောင်က ပြောသည်။
 
ဟန်းဆက်အရောင်းဆိုင်များအနေဖြင့် ရောင်းချသည့် တရုတ်ဟန်းဆက်များကို ဈေးနှုန်းအပြိုင်အဆိုင် လျှော့ချနေသော်လည်း ၎င်းတို့အနေဖြင့် အရည်အသွေးမီနိုင်ငံခြားဟန်းဆက်များဖြစ်သည့် I phone အစရှိသည့် ဟန်းဆက်များမှာ ဈေးနှုန်းလျော့ကျ မှုမရှိခဲ့ပေ။
 
 “ဟိုဘက်က ဝယ်တဲ့ဈေးက ကျလာတာ မဟုတ်ဘူး။ ပုံမှန်ပဲ။ ဒီဘက်မှာက ဆိုင်တွေ များလာတယ်။ ပြိုင်ဆိုင်မှုတွေ များလာတယ်။ တကယ်ဆိုရင် ငွေဈေးကလည်း မာနေချိန်မှာ မှုရင်းဈေးနှုန်းအလိုက် ဟန်းဆက်ဈေးတွေဟာ ၁ သောင်းကနေ ၂ သောင်းလောက်အထိ အရင်ဈေးထက် လျော့ကျလာတာ ဟု ပလာဇာဟန်းဆက်အရောင်းဆိုင်တစ်ဆိုင်မှ ကိုဇော်မင်းထွန်းက ပြောသည်။
 
ဟန်းဆက်အရောင်းဆိုင်များ၏ အရောင်းဈေးကွက် အရောင်းပါးလာခြင်း၊ ဈေးနှုန်းလျော့ကျလာခြင်း မှာ မြန်မာ့ဆက်သွယ်ရေးမှဈေးနှုန်းလျှော့ချပေးမည့် မိုဘိုင်းဖုန်းလိုင်းကတ်များအား စောင့်ဆိုင်း၍ ကြိုတင်ရောင်းချနေခြင်းကြောင့်ဖြစ်သည်ဟု ဈေးကွက်အတွင်းက သိရသည်။
ဉာဏ်ဉာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1