Wednesday, January 2, 2013

နယူးယောက်၌ အသက်မွေးဝမ်းကျောင်းဘာသာရပ်များအား စရိတ်ကျဉ်းကျဉ်းဖြင့် သင်ကြားနိုင်

Ever November | 1/02/2013 12:42:00 PM | Best Blogger Tips
မြန်မာကျောင်းသားကျောင်းသူများအနေဖြင့် အမေရိကန်ပြည်ထောင်စု၌ ကုန်ကျစရိတ်သက်သာစွာဖြင့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များအား တက်ရောက်သင်ကြားနိုင်သည့် ကောလိပ်များလည်းရှိကြောင်း ပညာရေးဝန်ဆောင်မှု အသိုင်းအ၀ိုင်းက သိရသည်။
 
၁၉၆၂ တွင်စတင်ခဲ့သည့် Herkimer Country Community College ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် တည်ရှိသည်။
 
ကျောင်းဝင်ခွင့်အတွက် ၁၀ တန်း အောင်မြင်ရန် လိုအပ်ပြီး TOEFL ၊ SAT နှင့် IELTS ရမှတ် မရှိသူ များလည်း လျှောက် ထားနိုင်ကြောင်းနှင့်  ကျောင်းဝင်ခွင့်လများမှာ ဇန်န၀ါရီလနှင့် သြဂုတ်လတို့ ဖြစ်ပြီး ကျောင်းလခမှာ (၁)နှစ် အမေရိကန်ဒေါ်လာ (၇၈၀၀)ခန့် ကျသင့်မည်ဖြစ်သည်။
 
Herkimer Country Community College သည် အမေရိကန်ပြည်ထောင်စုရှိ အခြားတက္ကသိုလ်များ နှင့် ချိတ်ဆက်ထားကာ ၄င်း ကောလိပ်တွင် ၂ နှစ်တာ ပညာသင်ပြီး ကျန် ၂ နှစ်ကို တက္ကသိုလ်များသို့ ပြောင်းတက်ရာတွင် လွယ်ကူစေသည်။ ကုန်ကျစရိတ်မှာလည်း ကောလိပ်တစ်ခု ကုန်ကျစရိတ်သည် (၄)နှစ်တက် တက္ကသိုလ်တစ်ခုကို တက်သည့် စရိတ်ထက်များစွာ သက်သာကြောင်း သိရသည်၊၊
 
အမေရိကန်ပြည်ထောင်စုရှိ Community Collegeများသည် (၂)နှစ်ကြာမြင့်ပြီး ဒီပလိုမာနှင့် Associate in Arts Degree(AA)၊ Associate in Science Degree (AS)၊ Associate in Applied Science Degree(AAS)များအား ပို့ချပေးလျက်ရှိသည်။
 
Community College များသည် အသက် မွေးဝမ်းကျောင်းဘာသာရပ်များကို သင်ကြားပေး သောကြောင့် Technical College ၊ Junior College များဟု ခေါ်လေ့ရှိသည်။
 
အလုပ်အကိုင်အတွက် အကြံညဏ်ပေးလမ်းညွန်မူ့၊ personal   counselingနှင့် တက္ကသိုလ်ကြီး များသို့ တက်ရောက်ရန် Transfer Services တို့ရှိသည်။ Small Cass size အရွယ်အစားကြောင့် ကျောင်းသားကျောင်းသူများအား အထူးဂရုစိုက်နိုင်ခြင်း၊ ကျောင်းပရ၀ဏ်ထဲတွင် အဆောင်ရှိကြောင်း ကိုလည်း သိရသည်။
 
 ကျောင်းသားကျောင်းသူများအနေဖြင့်လေ့လာသင်ယူနေစဉ်ကာလအတွင်း student life ရရှိစေမည့် အပန်းဖြေအစီအစဉ်များ၊   Art Club ၊ Education Club ၊ Fashion Club နှင့် Music Industry Association အစရှိသော အသင်းအဖွဲ့ပေါင်း (၅၀)တွင် အဖွဲ့ဝင်အဖြစ် ၀င်ရောက်နိုင် ကြောင်းကိုလည်း သိရသည်။
 
သင်ယူနိုင်သောဘာသာရပ်များမှ ထင်ရှားသည့်ဘာသာရပ်များမှာ Art Studies ၊ Business Administration: AS ၊ International Business ၊ Sports & Recreation Management ၊ Computer Science A.S ၊ Computer Network Technician A.A.S.၊ Criminal Justice ဘာသာရပ်များ၊ Digital Filmmaking၊ Emergency Medical Technician – Paramedic ၊ Music Industry ၊ Photographic Technology ၊ Physical Therapist Assistant A.A.S. ၊ Travel and Events Management တို့ဖြစ်သည်။
 
အမေရိကန်ပြည်ထောင်စု ကျောင်းများသို့ လျှောက်ထားခြင်းအတွက် CROWN Education သို့  ၀န်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုပဲ ကျောင်းလျှောက်ထားရန်နှင့် အသေးစိတ်သိရှိလိုသူများ အနေဖြင့် CROWN Education၊ အမှတ်(၂၇၀) ၊ ပထမထပ်၊ အခန်း(1 C) ၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း ၀၉-၇၃၂ ၇၂၃ ၇၇ ၊ ၀၉- ၄၅၀၀ ၅၆ ၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
မြစ်မခ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1