Wednesday, January 2, 2013

ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများ စိုးမိုးခဲ့ရခြင်းမှာ Sanction ကြောင့်ဟုဆို

Ever November | 1/02/2013 12:31:00 PM | Best Blogger Tips
ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်း များထက် ဈေးနှုန်းပိုသော်လည်း ရေရှည်တွင် ပိုကောင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။

''အရင်တုန်းက Sanction ကြောင့် တရုတ်ပစ္စည်းတွေပဲ စိုးမိုးတာများခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တခြားပစ္စည်းတွေကို သုံးချင်တယ်ဆိုရင်တောင်မှ ဘယ်သူမှ လာမရောင်းကြတဲ့အတွက် သုံးစွဲခွင့် မရခဲ့ ပါဘူး။ တခြားနိုင်ငံက ပစ္စည်းတွေ အနေနဲ့ တရုတ်ပစ္စည်းတွေထက် ဈေးနှုန်းပိုများပေမယ့် ရေရှည်မှာ ပိုကောင်းတာတွေရှိပါတယ်''ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ပကုမ္ပဏီများ ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍသို့ ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍လည်း ''ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းပြီးတဲ့ အချိန်ကို စောင့်ရပါမယ်။ ဥပဒေမရှိဘဲနဲ့ မရပါဘူး။ တစ်ခုသတိပြုရမှာက နိုင်ငံခြားကုမ္ပဏီတွေက နိုင်ငံတကာနဲ့ချီပြီး လုပ်ကိုင်လာတာဖြစ် လို့ နိုင်ငံ အလိုက်ဥပဒေတွေရဲ့ အားနည်းချက်ကိုသိတယ်။ အဲဒီ အားနည်းချက်ပေါ်မူတည်ပြီး ဘယ်လို အမြတ် ထုတ်ရ မလဲဆိုတာကိုလည်း သူတို့က ပိုသိကြတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အတွေ့အကြုံ အားနည်းပြီး အမြင်မရှိတဲ့အတွက် ဥပဒေမခိုင်မာရင်ခံရနိုင်ပါတယ်''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာ ၀န်ရှိသူက ပြောကြားသည်။

ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် Huawei, ZTE စသော တရုတ်နိုင်ငံထုတ်ပစ္စည်းများကိုသာ သုံးစွဲမှုများပြားကြောင်းသိရသည်

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1