Tuesday, January 22, 2013

မိုင် ၈၀၀ ကျော် ငြိမ်းချမ်းရေး ခရီးရှည်ချီတက်ပွဲ စတင်

Ever November | 1/22/2013 09:16:00 AM | Best Blogger Tips
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ ချီတက်လမ်းလျှောက်ဆန္ဒပြမယ့် ငြိမ်းချမ်းရေးလိုလားသူတစ်စုကို အင်းစိန်လမ်းမပေါ်တွင်တွေ့ရစဉ်

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ပေးဖို့ တောင်းဆိုကြတဲ့ ငြိမ်းချမ်းရေးလိုလားသူ ၂၀လောက်ဟာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ တရုတ် မြန်မာနယ်စပ်အနီးမှာရှိတဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့အထိ မိုင်ပေါင်း ၈၀၀ချီတက် လမ်းလျှောက်ဆန္ဒပြပွဲကို ဒီကနေ့ မနက်ပိုင်းမှာ စတင်လိုက်ပါတယ်။ 
မိုင် ၈၀၀ကျော်ခရီးစဉ်ကို ရောက်ရှိဖို့အတွက် တစ်နေ့ကို မိုင် ၃၀ခန့် ရည်မှန်းထားကြမှာဖြစ်ပြီး ခန့်မှန်းခြေစုစုပေါင်း အချိန် ၂လနီးပါးလောက် ကြာမယ်လို့ထင်ကြောင်း ချီတက်ပွဲမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။
တချိန်တည်းမှာပဲ တောင်ငူမြို့၊ ရွှေဆံတော်ဘုရားမှာ ငြိမ်းချမ်းရေးလိုလားသူ ၈၀ကျော်ဟာ ချိုးဖြူငှက်ရုပ်ပါတဲ့ တူညီတီရှပ်အင်္ကျီတွေဝတ်ဆင်ပြီး ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ဆုတောင်းမေတ္တာပို့တဲ့ အခမ်းအနားတစ်ရပ်ကိုလည်း ကျင်းပခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1