Sunday, January 13, 2013

အလင်းဝင်ရောက်လာသော ကေအိုင်အေ တပ်မဟာ ၅ မှ ကေအိုင်အေရဲဘော်တစ်ဦးမှ ၄င်းတို့အားလူတစ်ယောက်ကျည်တောင့် ၃၀ နှင့် တိုက်ခိုင်းထားပြီး ကေအိုင်အေအတွင်းရေးသိသူလုပ်သက်ရင့် ရဲဘော်များကို လိုင်ဇာတွင်ထိန်းချုပ်နေပြီဖြစ်ကြောင်း ပြောကြား

Ever November | 1/13/2013 12:10:00 PM | Best Blogger Tips

ကေအိုင်အေသောင်းကျန်းသူ အဖွဲ့မှ အလင်းဝင်ချင်သူများ အား ခြိမ်းခြောက်၍တနည်း မက်လုံးပေးကာတသွယ် ထိန်းချုပ် ထားနေပြီဖြစ်သည်။
ကေအိုင်အေမှ ကွန်ပျူတာ အလုပ်လုပ်ရမည်။ လိုင်ဇာတွင်ထားမည်။ လခကောင်းကောင်းပေးမည်ဟုဆိုကာ စည်းရုံးကာ ကေအိုင်အေစစ် သားအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရသည့် အလင်းဝင် ကေအိုင်အေ သ တင်းဖြန့် တစ်ဦးမှ ကေအိုင်အေ တပ်ဖွဲ့အတွင်း ရိက္ခာ၊ခဲယမ်းများမလုံလောက်တော့ကြောင်း ၊ ရှေ့တန်း စခန်းများရှိ ကေအိုင်အေရဲဘော်များအား ကျည် ၂၉ တောင့်ခန့်သာပေးနိုင်တော့ကြောင်း ပြောခဲ့သည်ဟု သိရသည်။သူ့ကဲ့သို့ပင်ဖမ်းဆီးပြီး ကေအိုင်အေအတွက် ၀ါဒဖြန့်လုပ်ပေးရသူများကို လိုင်ဇာဌာနချုပ်တွင် ထားရှိကြောင်း၊ အပြင်သို့သူတို့မပါဘဲ ပေးမထွက်ကြောင်း၊မိုင်းများထောင်ထားသည့်အတွက်ထိမှာစိုးသည် ဟု အကြောင်းပြပြီး အဆောက်အအုံထဲတွင် ထိန်းသိမ်းထားခဲ့သည်ဟု ၄င်းမှ ဆိုသည်။

ကေအိုင်အေမှ စုဆောင်းခဲ့သည့် တိုင်းရင်းသားများအား ရခိုင်လူမျိုးဆိုလျှင် ရခိုင်တပ်ဖွဲ့၊ ရှမ်းဆိုလျှင် ရှမ်း တပ်ဖွဲ့သီးခြားစီထားရှိကြောင်း၊ လူမျိုးစုများတစ်စုစီခွဲခြားဆက်ဆံယုံမကကျွေးသည့်အစား အသောက် တွင်လည်း ကေအိုင်အေဂျိမ်းဖောများက အခွင့်အရေးပိုရကြောင်း၊ မြန်မာ့တပ်မတော်မှသတ်မည် မဟုတ်ဘဲ ကူညီထောက်ပံ့ပေးမည်ဆိုသော သတင်းများသူတို့သိပါက ကေအိုင်အေကို ပြန်တိုက်ကာ အလင်းဝင်ကြ မည် ဖြစ်သည်ဟု ၄င်းမှ ဆက်ပြောခဲ့သည်။

 (မောင်ကျောက်ခဲ အဖွဲ့)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1