Sunday, January 13, 2013

မန္တလေး - မြစ်ကြီးနား အထူးရထား မိုင်းခွဲခံရ ၊ ခရီးသည် ၁၀ ဦး ခန့် ဒဏ်ရာရရှိ

Ever November | 1/13/2013 03:48:00 PM | Best Blogger Tips
မကြာခဏ မိုင်းကွဲမှု ဖြစ်ပွား နေသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၁၃ ရက်နေ့) နံနက် ၃ နာရီ ၁၅မိနစ် ဝန်းကျင် ခန့်က မြစ်ကြီးနားမှ ထွက်ခွာလာသော အမှတ် ၃၄ အစုန် အိပ်စင် အထူးရထား သည် နန့်စီးအောင် ဘူတာနှင့် မော်လူး ဘူတာ ကြားတွင် မိုင်းခွဲခံရပြီး ခရီးသည် ၁၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

“ထိခိုက် ဒဏ်ရာရတဲ့ခရီးသည်တွေကို မော်လူးတိုက်နယ် ဆေးရုံမှာ အရေးပေါ် ကုသ နေပါတယ်။ စိုးရိမ်ရတဲ့ အနေအထားတာ့မရှိပါဘူး” ဟု အခင်း ဖြစ်ပွားရာသို့ ရောက်ရှိခဲ့သော လုံခြုံရေးအရာရှိ တစ်ဦး က ပြောကြား သည်။

ယင်း မိုင်းကွဲမှုကြောင့် အိပ်စင် အထူးရထား၏ စက်ခေါင်း (အမှတ် DD2058) သည် လဲကျ သွားခဲ့ပြီး ရိုးရိုးတန်း လူစီးတွဲတစ် နှင့် တွဲနှစ်မှာ ကန့်လန့်ဖြတ် အနေအထား ဖြစ်သွားကာ သံလမ်းအရှည် ၃၉ ပေ (၁၀ချောင်း)၊ ကွန်ကရစ် ဇလီဖား တုံး ၃၀ တုံး၊ သစ်သားဇလီဖားတုံး ၇၅ တုံး တို့ ပျက်စီး၍ ပေါက်ကွဲ သည့် နေရာတွင် အကျယ် နှစ်ပေ အနက်၁ပေခန့် ဖြစ် နေကြောင်း ၄င်းက ပြောကြားသည်။

ယင်းမိုင်းခွဲမှု မှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) မှ လုပ်ဆောင်ခြင်းဖြစ်ပြီး ရထားလမ်း ပျက်စီးမှု များကြောင့် မန္တလေး - မြစ်ကြီးနား ခရီးစဉ်များကို ခေတ္တပိတ်ထားရကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးသို့ ပေးပို့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းမိုင်းခွဲမှုင့် ပတ်သက်၍ ကေအိုင်အေဘက်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစား သော်လည်း ဆက်သွယ်၍ မရသေးပေ။

မန္တလေး - မြစ်ကြီးနား မီးရထားလမ်း တွင် မိုင်း ဖောက်ခွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး လူစီး အထူးရထား ကို မိုင်းခွဲခြင်း မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ကလည်း နဘား - မြစ်ကြီးနား လော်ကယ် ရထားကို မိုင်းခွဲ ခဲ့သည့် အတွက် လုံခြုံရေး ရဲသားတစ်ဦး သေဆုံး ခဲ့သည်။
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1