Sunday, January 13, 2013

အမြန်ဆုံးနည်းလမ်းနဲ့ အမြဲတမ်းကိုယ်အလေးချိန် လျော့ကျနိုင်အောင်

Ever November | 1/13/2013 04:02:00 PM | Best Blogger Tips

အခုဖော်ပြပေးမယ့် နည်းလမ်း ကတော့ကိုယ် အလေးချိန် ကျဆင်းနိုင်သည့် နည်းလမ်းများ စာအုပ်ကို ရေးသားသူ အမေရိကန်နိုင်ငံမှ နာမည်ကြီး စာရေးဆရာ ဒေါက်တာ Oz ဖော်ပြထားတာပါ။ ကိုယ်အလေးချိန် ကျဆင်းဖို့ အစာငတ်ခံစရာ မလိုပါ ဘူး။ တကယ်တော့ သဘာဝ အတိုင်းရရှိတဲ့ ထုတ်ကုန် တွေကို အကုန် လုံးစားဖို့ပါလို့ သူက ဆိုပါတယ်။ အခြေ ခံအားဖြင့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ကောက်နှံစာ၊ အခွံမာသီးနဲ့ သံလွင်ဆီတွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။ ဒီအစာတွေဟာ သင့်ဗိုက်ကို ပြည့်တင်း စေပြီး အဆီတွေကိုလည်း ပျော်ဝင်စေ နိုင်တာကြောင့် ပထမတစ်ပတ် အတွင်းမှာပဲ ကိုယ် အလေးချိန် ၁၀ပေါင်လောက် လျော့ကျသွားနိုင် ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး တစ်ပတ်အတွင်း ကိုယ် အလေးချိန်၂၄ ပေါင်အထိ ကျဆင်းတဲ့ အမျိုးသမီး တောင်ရှိတယ်လို့ သိရပါတယ်။
အပင်ထွက် အစားအစာတွေမှာ အာဟာရဖြစ်တဲ့ Micronutrient ပေါင်း ၁၀ဝ ကျော်လောက် ပါဝင်ပါတယ်။ အဲဒီ Micronutrient တွေဟာ အဆီလောင် ကျွမ်းမှု မြင့်တက်စေတာ၊ ဆာလောင်မှု ကို လျော့နည်းစေတာ ဒါမှမဟုတ် တစ် ကြိမ်တည်းမှာ နှစ်မျိုးစလုံး တစ်ပြိုင်နက် ဖြစ်ပေါ်တတ်ပါတယ်။ အဆီကို သိုလှောင် တဲ့ဟော်မုန်း ထုတ်လုပ်မှုလည်း လျော့ နည်းစေတတ်ကာ ပိုလျှံတဲ့ ကယ်လိုရီစုပ် ယူမှုကိုလည်း ကာကွယ်ပေးထားတယ် လို့ ဆိုပါတယ်။ Angiogenesis Inhibitor လို့ခေါ်တဲ့ အဆီဆဲလ်ကို ပေးပို့တဲ့ သွေးကြောတွေကို ပိတ်ပင်နိုင်တဲ့ အာဟာ ရဓာတ်လည်း ပါဝင်တာမို့ အဆီဆဲလ် တွေဟာလည်း ရှုံ့တွသွားနိုင်ပါတယ်။ အသားနဲ့ ဒိန်ခဲလိုမျိုး တိရစ္ဆာန်မှ ရရှိတဲ့ အစားအစာတွေမှာလည်း အပင် မှာ တွေ့ရှိရတဲ့ Micronutrient တွေ တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ သင်ဟာ Micronutrient တွေ ပိုရလေလေ၊ ကိုယ် အလေးချိန် ကျဆင်းလေလေလို့ အာဟာ အသား ဒါမှမဟုတ် ချိစ့်ကို မစားသင့်တာ မဟုတ်ပါဘူး။ အပင်ထွက် အစားအစာ တွေကို ၉၀ ရာခိုင်နှုန်း စားရမယ်လို့ အကြံပေးထားတာပါလို့ ဆိုပါတယ်။ အပင်ထွက် အစားအစာ စားရင်လည်း သင် စားလိုက်တဲ့ အစာတိုင်းကနေ အာဟာ ရတွေကို အပြည့်အဝရရှိစေဖို့အတွက် ပြုပြင်ထားတဲ့အစာတွေကို မစားသင့်ပါ ဘူး။ ဒေါက်တာ Oz က G-BOMBS ဆိုတဲ့ အစာကို ထွင်ပေးထားလိုက်ပါတယ်။ Green, Berries, Onions, Mushrooms, Beans and seeds လို့ခေါ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ဘယ်ရီ သီး၊ ကြက်သွန်နီ၊ မှို၊ ပဲအမျိုးမျိုးနဲ့ အစေ့ အဆန်တွေကို စားသုံးခိုင်းတာပါ။ သင် ကိုယ်အလေးချိန် ကျဆင်းလိုရင် ဒီအစာ တွေမှာ Micronutrient တွေ အများအပြား ပါဝင်တာမို့ သင့်အတွက် အံ့ဩဖွယ်ကောင်းလောက်အောင် ကိုယ် အလေးချိန် ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1