Sunday, January 13, 2013
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ပြည်နယ် များအား စတင် စစ်ဆေးတော့မည်
Ever November | 1/13/2013 12:14:00 PM |
မြန်မာ့သတင်း

ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် ပြည်နယ်စစ်ဆေးမှုများ မရှိသေးသဖြင့် ယခုလအတွင်း ပြည်နယ်များအား စတင်စစ်ဆေး မည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ဖြစ်သူပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောကြား သည်။
အဆိုပါ ကော်မတီသည် နေပြည်တော်အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီ တိုင်းတို့အား စစ်ဆေးခဲ့ပြီးပြီဖြစ်ကြောင်းသိရပြီး ယခုလအတွင်း လွှတ်တော်အခြေအနေ အပေါ်မူတည် ၍ ပြည်နယ်များသို့ စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဘယ်ပြည်နယ် စစစ်မလဲဆိုတာတော့ ကြိုတော့မပြောဘူး။ ရှောင်တခင်ဆာဗေးဝင်မှ အဖြစ်မှန်တွေ သိရ မှာလေ။ ပြည်နယ်တွေ စစ်မယ်ဆိုတာကတော့ တိုင်း ၅ တိုင်းစစ်ဆေးခဲ့ပြီးပြီ ပြည်နယ်တစ်ခုမှမပါတဲ့ အတွက်ပါ။ လွှတ်တော်မှာ သွားမယ့်အဖွဲ့ဝင်တွေရဲ့ မေးခွန်းတွေ အဆိုတွေအပေါ်မူတည်ပြီး အားတာနဲ့ စိစစ်သွားပါမယ်။ ဒီလထဲကို မှန်းထားတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။
ဆက်လက်ပြီး စစ်ဆေးခဲ့သော တိုင်း ၅ တိုင်း၏ အခြေအနေများနှင့် ဆက်လျဉ်း၍ “ကျွန်တော်တို့ စစ်ဆေး ခဲ့တာတွေကြောင့် အာဏာပိုင်တွေက တရားစီရင်ရေးမှာ ဝင်ရောက်စွတ်ဖက်တာတွေ လျော့နည်း သွား တယ်။ နောက်ပြီး တရားခံ၊ တရားလို၊ ပြည်သူ၊ ဝန်ထမ်းတွေ အားလုံးနဲ့ ထိတွေ့ရတဲ့အတွက် ခုနပြောသလို အုပ်ချုပ်ရေးအာဏာရဲ့ ဝင်ရောက်စွတ်ဖက်မှု လျော့နည်းသွားတာတွေကို တွေ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ယခုလက်ရှိတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် တိုင်းအတွင်း စစ်ဆေးမှု များအား ရပ်နားထားကြောင်း သိရသည်။
အဆိုပါ ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌ အဖြစ်ပါဝင်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂၄၊ ပုဒ်မ ၂၇ နှင့် ပြည်သူ့ လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စူးရှ
The Myanma Age
Subscribe to:
Post Comments (Atom)
No comments:
Post a Comment