Tuesday, January 22, 2013

ငြိမ်းချမ်းရေးနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Ever November | 1/22/2013 09:24:00 AM | Best Blogger Tips
ပြည်သူ့လွှတ်တော် ဆဌမအကြိမ် ပုံမှန်အစည်းအဝေး ပထမရက်က အစည်းအဝေး ခေတ္တရပ်နားစဉ် မှာ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာတွေနဲ့ တွေ့ဆုံစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေသအတွင်းမှာ ကျန်နေသေး တဲ့ မြေမြှုပ်မိုင်းတွေ ရှာဖွေရှင်းလင်းပေးဖို့ကို အဓိကထား တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဇန်န၀ါရီလ ၂၁ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော် ခေတ္တနားနေစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြား ခဲ့ပါတယ်။
မနေ့က ဇန်န၀ါရီလ ၂၀ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ မနေ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေး အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းတွေမှာ အစိုးရက ပါဝင်စေချင်တယ်ဆိုရင် မိမိအနေနဲ့ ပါဝင်ဆောင်ရွက်ပေးဖို့လည်း အဆင်သင့်ရှိတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1