Tuesday, January 22, 2013

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီတစ်ခုအား အကြမ်းဖက် တိုက်ခိုက်

Ever November | 1/22/2013 10:18:00 AM | Best Blogger Tips
ကချင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ အဆက် မပြတ်ဆောင်ရွက်လျက်ရှိသည့် KIA လက်နက်ကိုင်အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့သည် စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာ များအား အကြမ်းဖက်တိုက်ခိုက်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ် ၊ မရှီကထောင်ရပ်ကွက်ရှိ ဝေအောင်ကမ္ဘာကုမ္ပဏီ အုပ်ချုပ်ရေး ရုံးခန်းသို့ KIA ၇ ဦးခန့် ရောက်ရှိလာပြီး ကုမ္ပဏီဝန်ထမ်းအိပ်ဆောင်အား ဓာတ်ဆီလောင်း မီးရှို့ကာ ကုမ္ပဏီပိုင် ပါဂျဲရို ကားတစ်စီးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

KIA ၏ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့်အရှည် ၁၀၀ ပေရှိ ၂ ထပ်ဝန်ထမ်းအိပ်ဆောင်မီးလောင် ပျက်စီးခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ချက် (၃/၂၀၁၃)ထုတ်ပြန်ပြီး KIA အဖွဲ့အနေဖြင့်စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား တတိယအကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ KIAအဖွဲ့၏ အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ဒေသတည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးကိုများစွာထိခိုက်မှု ဖြစ်ပေါ်စေမှု အပေါ် ဒေသခံ ပြည်သူများမှများစွာစိတ်ပျက်လျက်ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်း ဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1