Tuesday, January 22, 2013

ကေအိုင်အို ဌာနချုပ်အစည်းအဝေးတွင် KIA ဦးစီးချုပ် ဂမ်ရှောင် ဒဏ်ရာရ ထားသောကြောင့် မတက်ရောက်နိုင်

Ever November | 1/22/2013 10:21:00 AM | Best Blogger Tips
လိုင်ဇာမြို့ KIC ဥက္ကဌ ဦးအင်ဘန်လှပိုင်ကျင်ရှင်းဟိုတယ်တွင် ဇန်န၀ါရီ လ (၁၉) ရက်နေ့ ညနေ (၂) နာရီ မှ (၃) နာရီခွဲအထိ KIA/ KIO နှင့် ဗဟိုကော်မတီဝင်များနှင့် အရာရှိကြီးများ (၇၀) ဦး အစည်း အဝေးပြု လုပ်ခဲ့ ကြပါသည်။
အစည်းအဝေးသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။ ဌာနချုပ် သတင်းရပ်ကွက်၏ ပြောဆိုချက်အရ ဦးစီးချုပ်မှာ ဇန်န၀ါရီလ (၂) ရက်နေ့ ခယာတောင် စခန်းတွင် လေ

ယာဉ်ပစ်သေနတ်တပ်ဆင်မှုကို စစ်ဆေးနေစဉ်အစိုးရလေ တပ် လေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိ ခဲ့ ကြောင်းဒဏ်ရာကိုလိုင်စင်ပို့တွင် ကုသနေသော်လည်းသက်သာခြင်းမရှိသည့်အတွက် (၁၄) ရက်နေ့ က တရုတ်နိုင်ငံသို့ပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူနေသည့်အတွက် ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ဂမ်ရှောင်၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိကြောင်းကို မည်သူမှတိတိကျကျမသိဘဲ လျှို့ဝှက် ထားကြောင်းသိရှိရသည်။ အစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ဦးဆောင်ပြီး အစိုးရမှ ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း KIA အရာရှိတစ်ဦးပြောကြား ချက်အရ သိရှိရသည်။
Kachin Daily News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1