Tuesday, January 22, 2013

မြန်မာ နိုင်ငံသို့ လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU ချစ်ကြည်ရေး ခရီး လာရောက်မည်

Ever November | 1/22/2013 09:50:00 AM | Best Blogger Tips
လာအို ပြည်သူ့ ဒီမို ကရက်တစ် သမ္မတ နိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Madam Pany YATHOTOU အား ၁၉၅၁ ခုနှစ်၊ ဖေဖော်ဝါ ရီလ ၁၈ ရက်နေ့တွင် လာအို နိုင်ငံရှိ ဆင်ခွမ် ပြည်နယ်၌ မွေးဖွား ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှ B.A (Banking) ဘွဲ့ရ ရှိခဲ့သည်။

၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်ထိ Bank of Lao PDR တွင် နိုင်ငံခြားငွေကြေးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ Bank of Lao PDR တွင် စီးပွားရေးနှင့် စီမံကိန်း ဌာန ညွှန်ကြား ရေးမှူးချုပ်၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ Bank of Lao PDR တွင် ရင်းနှီး မြှုပ်နှံမှု ဌာန ညွှန်ကြားရေး မှူးချုပ်နှင့် ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ Central Bank of Lao PDR တွင် အုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၈ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ (၄)ကြိမ်မြောက် လာအိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လာအို အမျိုးသားလွှတ်တော်အမြဲတမ်း ကော်မတီအဖွဲ့ဝင်နှင့် လာအိုအမျိုးသားလွှတ်တော် တိုင်းရင်း သား ရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်ထိ (၅)ကြိမ်မြောက် လာအို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လာအိုအမျိုးသားလွှတ်တော်အမြဲတမ်း ကော်မတီအဖွဲ့ဝင်၊ လာအို အမျိုးသားလွှတ်တော်အမြဲတမ်း ကော်မတီ၏ အမြဲတမ်းအဖွဲ့ဝင်နှင့် လာအိုအမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝဝ၆ ခုနှစ်မှ ၂၂- ၁၂- ၂ဝ၁ဝ ရက်နေ့ထိ (၆)ကြိမ်မြောက် လာအိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လာအိုအမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် လာအိုအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၃- ၁၂- ၂ဝ၁ဝ ရက်နေ့မှ ၁၄- ၆- ၂ဝ၁၁ ရက်နေ့ထိ (၆) ကြိမ်မြောက်လာအိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လာအိုအမျိုးသားလွှတ်တော် အမြဲတမ်း ကော် မတီဥက္ကဋ္ဌနှင့် လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၅ - ၆- ၂ဝ၁၁ ရက် နေ့မှ စ၍ (၇)ကြိမ်မြောက် လာအိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လာအိုအမျိုးသားလွှတ်တော်အမြဲ တမ်း ကော်မတီ ဥက္ကဋ္ဌနှင့် လာအို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။

Madam Pany YATHOTOU သည် အိမ်ထောင်ရှင် ဖြစ်ပြီး သမီးတစ်ဦး ရှိပါသည်။ Madam Pany YATHOTOU နှင့် လာအိုအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု လွှတ်တော် နာယက၏ ဖိတ်ကြားချက်အရ မကြာမီရက်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်သို့ ချစ်ကြည်ရေး အလည်အပတ်ခရီးလာရောက်မည်ဖြစ်ပါသည်။

မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1